Monday, June 24, 2019

ရန်ကင်းမြို့နယ်နေ ဆယ်ကျော်သက်မိန်းကလေးများပုံဖော်ထားသော မြမာလာပန်းခြံဖွင့်

 ရန်ကင်းမြို့ နယ်၊ (၄) ရပ်ကွက်၊ ရန်နိုင်လမ်း အပိုင်းနှစ်တွင် ရန်ကင်းမြို့နယ်နေ ဆယ်ကျော်သက်မိန်းကလေးများ ဦးဆောင်ပုံဖော်ထားသော မြမာ လာ(ယာယီအမည်)ပန်းခြံဖွင့်ပွဲကို ဇွန် ၂၂ ရက်ညနေက ပြုလုပ်ခဲ့သည်။ ပန်းခြံအတွင်း ကလေးကစား စရာကွင်းပစ္စည်းများ၊ အားကစား လေ့ကျင့်ခန်းပြုလုပ်သည့်ပစ္စည်းများနှင့်ထိုင်စရာနေရာများပါဝင် ပြီး အစိမ်းရောင်ပတ်ဝန်းကျင်တစ် ခု ပိုင်ဆိုင်လာစေရန် သစ်ပင်များ စိုက်ပျိုးထားကြောင်း သိရသည်။



ယခုဖွင့်လှစ်လိုက်သည့် ပန်း ခြံနေရာသည် အများပြည်သူအ တွက် ပန်းခြံဖြစ်သောကြောင့် စီး ပွားဖြစ်ဆိုင်ခန်းများ ဝင်ရောက်ဖွင့် လှစ်ခြင်းများကို လက်ခံမည်မဟုတ် ကြောင်း ရန်ကင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင် မာအောင်က ပြောသည်။

''ဒီနေရာက တကယ့်နေရာ ကောင်းလည်းဖြစ်တယ်။ Public Space တွေက တအားရှားတယ်။ ဒီလိုကွက်လပ်ကို အများပြည်သူသုံး ခွင့်ရအောင် လုပ်လိုက်ရင် တစ်ချက် ခုတ်နှစ်ချက်ပြတ်ဖြစ်တယ်။ နေရာ လည်းသန့်ရှင်းသာယာသွားမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေရာဖြစ် လာမှာပေါ့''ဟု ¤င်းကပြောသည်။

အဆိုပါပန်းခြံကို မြမာလာ ပန်းခြံဟု ယာယီအမည်ပေးထား ပြီး ပန်းခြံအမည်တရားဝင်ပေးနိုင် ရေးကို ဆက်လက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။ ယခုဖွင့်လှစ်ခဲ့သော ပန်းခြံ ၏ ဒီဇိုင်းကို ဒို့အိမ်အဖွဲ့၏ ဗိသု ကာများနှင့်ရန်ကင်းမြို့နယ်အတွင်း ရှိ ဆယ်ကျော်သက်မိန်းကလေး ငယ်များ၏ စိတ်ကူးတို့ဖြင့် ပုံဖော် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ဒို့အိမ် အဖွဲ့မှ လူထုဆက်ဆံရေးအရာရှိ ဒေါ်ဆွေဆွေအောင်က ပြောသည်။

''ဆယ်ကျော်သက်မိန်းကလေး တွေ ဦးဆောင်ပြီး အများပြည်သူ ဆိုင်ရာနေရာဖန်တီးရေး ပရော ဂျက်ပါ။ ပထမဆုံး သုတေသနအ ရင်လုပ်ခဲ့တယ်။ မြို့ပြဒီဇိုင်နာတွေ အနေနဲ့ အများပြည်သူဆိုင်ရာနေရာ တွေဖန်တီးတဲ့နေရာမှာ လူကြီးလူငယ် မရွေး အကုန်အသုံးပြုလို့ရမယ့် နေရာတွေ ဖန်တီးချင်တယ်။ ဆယ် ကျော်သက် မိန်းကလေးတွေကို ဖိတ်ခေါ်ပြီး သူတို့အနေနဲ့ဘယ်လို အများပြည် သူအသုံးပြုတဲ့နေရာ ဆို သုံးချင်မလဲ၊ သွားချင်မလဲဆို တာကိုမေးပြီး သူတို့ရဲ့ ဒီဇိုင်းအိုင်ဒီ ယာတွေ ဖန်တီးခဲ့ကြတာဖြစ်ပါ တယ်'' ဟု ¤င်းကပြောသည်။

အဆိုပါပန်းခြံအား ဆက်လက် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် The Cintral အဖွဲ့မှ ပန်းခြံရေရှည် ထိန်းသိမ်းရေးကော်မတီအား ဒေါ်လာ ၁ဝဝဝ လှူဒါန်းခဲ့ပြီး ဒို့ အိမ်အဖွဲ့မှ ပန်းခြံထိန်းသိမ်းစောင့် ရှောက်နည်းလမ်းညွှန်စာအုပ်ကို ပေးအပ်ခဲ့သည်။

ရန်ကင်းမြို့နယ်ကို ပြန်လည် ဖွံ့ဖြိုးရေးအစီအစဉ်များဆောင်ရွက် ရန်ရှိပါကလည်း ယခုဖော်ဆောင် ခဲ့သောပန်းခြံကို အများပြည်သူပိုင် ပန်းခြံအဖြစ် ဆက်လက်ထားရှိပေး ရန် ရန်ကင်းမြို့နယ်အုပ်ချုပ်ရေး မှူး ဦးမင်းမောင်မောင်ကပြော သည်။

No comments:

Post a Comment