Monday, June 24, 2019

လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူရန် မန်စီးတီး နီးစပ်နေ

မန်စီးတီးအသင်းဟာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို မန်ချက်စတာယူနိုက်တက်ကလည်း ခေါ်ယူလိုတာ ဖြစ်ပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်သွားခဲ့တာပါ။ မေရာသတင်းစာရဲ့ အဆိုအရ မန်စီးတီးအသင်းဟာ မက်ဂွိုင်းယားကို တပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းအထိ ပေးချေမှာဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ပေးချေမှာဖြစ်တဲ့အတွက် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နောက်ခံလူ ဗန်ဒိုက်ရဲ့ ၇၅ သန်းကို ကျော်ဖြတ်ပြီး မက်ဂွိုင်းယားက တန်ကြေးအမြင့်ဆုံး နောက်ခံလူ ဖြစ်လာဖို့လည်း ရှိနေပါတယ်။

No comments:

Post a Comment