Monday, June 24, 2019

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဒေသခံပြည်သူလူထု၏သဘောထားကို ထည့်သွင်းစဉ်းစားမည်ဟု ဒီချုပ်ပြောခွင့်ရဆို

၂၀၂၀ အထွေ ထွေရွေးကောက်ပွဲအတွက် ကိုယ် စားလှယ်လောင်းရွေးချယ်မှုတွင် ဒေသခံပြည်သူလူထု၏ သဘော ထားကိုလည်း ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း ဒီချုပ်ပြော ခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောသည်။ လက်ရှိ အာဏာရပါတီဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် လာမည့် ၂၀၂၀ ပြည့် နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဝင်ရန် အတွက် ကိုယ်စားလှယ်လောင်းရွေး ချယ်မှုလုပ်ငန်းစဉ်အချို့ကို လက်ရှိ အချိန်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဒီမိုကရေစီတူဒေးသို့ ဇွန် ၂၃ ရက် တွင်ပြော သည်။



ကိုယ်စားလှယ်ရွေးချယ်ရာ တွင် ၁၉၉၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲ၊ ကိုယ်စားလှယ်လောင်းရွေး ချယ်ရာ၌အသုံးပြုခဲ့သည့် နည်းလမ်း ဖြစ်သည့် မြို့မိ၊ မြို့ဖနှင့် မြို့ခံများ ၏ သဘောထားကို ရယူသွားမည် ဖြစ်ကြောင်း 4င်းက ဆိုသည်။""၁၉၉၀ တုန်းက လုပ်ခဲ့သလို မျိုးပဲ၊ မြို့မှာရှိတဲ့ မြို့မိမြို့ဖသဘော မျိုးတွေ၊ မြို့ခံတွေရဲ့ သဘောထား ကိုလည်း ရယူသွားမယ်""ဟု ၄င်း က ပြောသည်။

ယင်းအပြင် သက်ဆိုင်ရာမြို့ နယ် အလုပ်မှုဆောင်အဖွဲ့မှ တင် ပြမှုများလည်းရှိမည်ဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။ ယင်းအပြင် ပါတီဗဟိုမှလည်း လက်ရှိကိုယ်စားလှယ်များနှင့် ပတ် သက်၍ အမှတ်ပေးမှုများလည်း လုပ်ဆောင်နေပြီး ပါတီစည်းကမ်း ထိမ်းသိမ်းရေးဖြင့် အရေးယူခံ ထားရသည့် ကိုယ်စားလှယ်များ အနေဖြင့် ပြုပြင်ပြောင်းလဲခြင်းမ ရှိပါက ၂၀၂၀ ပြည့်နှစ်တွင် ပြန် လည်ရွေးချယ်မည်မဟုတ်ကြောင်း လည်း ゞင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ၂၀၂၀တွင်လည်း နေရာစုံဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး လက်ရှိ နိုင်ငံတော်သမ္မတ နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့သည်လည်း ရွေးကောက်ပွဲဝင် မည်ဖြစ်သည်။ထို့အတူ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။ ယင်းအပြင် ဒီချုပ်ပါတီ၏ ဆောင်ရွက်ချက်များသည် ရွေး ကောက်ပွဲတစ်ခုတည်းကို ရည်ရွယ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ တိုင်းပြည် ရေရှည်အကျိုးစီးပွားအတွက် ဆောင် ရွက်နေခြင်းဖြစ်ကြောင်းလည်း ဒေါက် တာမျိုးညွန့်ကဆိုသည်။

No comments:

Post a Comment