Monday, June 24, 2019

သမ္မတ ထရမ့် တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားနိုင်ငံကို ဒီသီတင်းပတ်ထဲမှာ လာရောက်လည်ပတ်မယ်၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားရုပ်သိမ်းရေး မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ဇွန်လ ၂၄ ရက်မှာ ပြောပါတယ်။ ထရမ့်ဟာ ဇွန်လ ၂၉ ရက်မှာ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်နဲ့ တောင်ကိုရီးယားကို ရောက်လာပြီး သမ္မတ မွန်းဂျဲအင်းနဲ့ ဇွန်လ ၃၀ ရက်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်၊ အဲဒီနောက် ဂျပန်အနောက်ပိုင်း အိုဆာကာမြို့မှာ ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံ ၂၀ အဖွဲ့ G-20 ရဲ့ ထိပ်သီးညီလာခံကို တက်ရောက်မယ်လို့ အိမ်ပြာတော် ပြောခွင့်ရက ဆိုပါတယ်။



ဟနွိုင်း ထိပ်သီးညီလာခံမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူညီချက် မရဘဲ ပျက်သွားခဲ့ပြီးတဲ့နောက် နျူကလီးယား ဆွေးနွေးပွဲက သောင်မတင် ရေမကျ ဖြစ်နေဆဲပါ။

အမေရိကန်ဟာ ဆွေးနွေးပွဲအသစ်တွေအတွက် အခြေအနေ ကြိုတင်ကန့်သတ် မထားဘူးလို့ အမေရိကန် အရာရှိတယောက်က ဇွန်လ ၁၉ ရက်မှာ ပြောပါတယ်။

ဒါပေမယ့် တိုးတက်မှုတွေက အဓိပ္ပာယ်ပြည့်ဝဖို့လိုပြီး နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်ပစ်ဖို့ မြောက်ကိုရီးယားရဲ့ ခြေလှမ်းတွေ စစ်ဆေးခံနိုင်ရမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေကို လုံးဝစွန့်လွှတ်ရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းမယ်လို့ အမေရိကန်က တောင်းဆိုထားပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက် တစိတ်တပိုင်းကို စွန့်လွှတ်ပြီး အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အပြန်အလှန်အနေနဲ့ တောင်းဆိုထားပါတယ်။ နှစ်ဖက် တောင်းဆိုချက်တွေထဲက တချို့ကို ရင်ကြားစေ့လို့ မရသေးတာကြောင့် နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေပါတယ်။

No comments:

Post a Comment