Monday, June 24, 2019

အီရန်နိုင်ငံ၏ ဒုံးကျည်ထိန်းချုပ်ရေး စနစ်နှင့် သူလျှိုကွန်ရက်တစ်ခုအား အမေရိကန်မှ စိုင်ဘာ တိုက်ခိုက်မှုပြုလုပ်

အီရန်နိုင်ငံ၏ ဒုံးကျည်ထိန်းချုပ်ရေး စနစ်နှင့် သူလျှိုကွန်ရက်တစ်ခုအား အမေရိကန်မှ စိုင်ဘာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အမေရိကန်ထောက်လှမ်းရေး ဒရုံးတစ်စီးကို အီရန်တို့က ပစ်ချခဲ့ပြီးနောက် ထိုသို့ စိုင်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာ သတင်းများကဆိုသည်။



ထိုသို့ပြုလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လျှို့ဝှက်စွာ အမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ အီရန်နိုင်ငံကို အဓိကကျသော စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု ထရမ့်က ကတိပေးခဲ့ပြီး မကြာမီတွင်ပင် ထိုသို့ အမိန့်ပေးခြင်းဖြစ်ကြောင်းတို့ကို ၀ါရှင်တန်ပို့စ်သတင်းစာ သတင်းတစ်ပုဒ်တွင် စနေနေ့က ရေးသားခဲ့သည်။

အမေရိကန်၏ စိုင်ဘာတိုက်ခိုက်မှုကြောင့် အီရန်ဒုံးကျည်ထိန်းချုပ် စနစ်မှ ကွန်ပျူတာများ ထိခိုက်ခဲ့ကြောင်းကိုလည်း ယင်းသတင်းကဆိုထားသည်။ ထို့အပြင် ပင်လယ်ကွေ့တွင်းရှိ သင်္ဘောများကို ထောက်လှမ်းသည့် အဖွဲ့ကိုလည်း ပစ်မှတ်ထားလျှက်ရှိကြောင်း ယာဟူးသတင်းတစ်ပုဒ်က ဆိုထားပြန်သည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အီရန်ဖက်မှ တုန့်ပြန်ပြောဆိုမှု မရှိသေးကြောင်း အီရန်အခြေစိုက် Fars သတင်းအေဂျင်စီက ယမန်နေ့ကဆိုသည်။

No comments:

Post a Comment