Monday, June 24, 2019

"မိုးကြီးစုန်းစုန်း ချုပ်လိမ့်မည်"

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ၂ဝ၁၉ ခုနှစ်ဇွန် ၇ ရက်က ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တယ်လို့သိရတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး သဘောထားအမျိုးမျိုးရှိတဲ့အနက် ပါတီ၊ အဖွဲ့အစည်းမရွေး အမျိုးသားရေး စိတ်ရှိသူတွေက ကန့်ကွက်နေကြပြီး လွှတ်တော်ထဲက NLD အမတ်တွေကတော့ထောက်ခံနေတာတွေ့ရတယ်။ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ စတင်ပြီးတဲ့နောက်နိုင်ငံရဲ့နိုင်ငံရေးစနစ် အပြောင်းအလဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးအခင်းပေါ်လာခဲ့တယ်။



ဒီလို တိုင်းပြည်အတွက် တိုင်းရင်းသားမဟုတ်တဲ့သူတွေ အလုံးအရင်းတိုးပွားလာနေတဲ့ လူဦးရေပြသနာအကြီးကြီးရှိနေတဲ့အချိန်မျိုးဖြစ်တဲ့ တကယ့်အကျပ်အတည်းကာလမှာမှ ဘာ့ကြောင့် ဒီဥပဒေကိုရွေးချယ်ပြဋ္ဌာန်းရတာလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

USDP က ဦးဆောင်တဲ့ ပါတီ ၂၆ ပါတီစုပေါင်းအဖွဲ့က အသစ်ပြင်ဆင်လိုက်တဲ့ ပုဒ်မ ၃၃ (ခ) မှာ ''မွေးစားကလေးသူငယ်တဦးသည် မွေးစားမိဘနှင့်သက်ဆိုင်သည့်ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်းနှင့်အညီ မွေးစားမိဘများ၏ အခြားသားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေးအပါအဝင်တူညီသောအခြားအခွင့်အရေး ရှိရမည်'' ဟု ပြင်ဆင်မှုသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အခန်း (၈)၊ ပုဒ်မ ၇၃ ကို လွှမ်းမိုးပယ်ဖျက်ရာရောက်သည့်အတွက် အချိန်တိုအတွင်းနိုင်ငံတော်အတွက်ဆိုးရွားသည့်အန္တရာယ်ကျရောက်နိုင်သည်" ဆိုပြီး ဇွန် ၁၆ က ကန့်ကွက်စာထုတ်ပြန်ခဲ့တယ်။

ဒီလိုပဲတရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးကလည်း ''ဒီဥပဒေကြောင့် နိုင်ငံအချိန်တိုအတွင်း အန္တရာယ် ကျရောက်နိုင်တယ် ဆိုတာကတော့ မဟုတ်ပါဘူး။ သူတို့ပြောသလို မွေးစားလိုက်တိုင်း နိုင်ငံသားတန်းဖြစ်စေဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ဥပဒေမှာ သူ့အဆင့်ဆင့်ရှိတယ်။ အဲဒီမှာ သေသေချာချာလေ့လာကြည့်ရင် သိနိုင်ပါတယ်'' လို့ News Watch ဂျာနယ်ကိုပြောခဲ့တယ်။

ဦးကျော်ဟိုးပြောတဲ့ စကားထဲက "အချိန်တိုအတွင်းအန္တရာယ်ကျရောက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး" ဆိုတဲ့စကားဟာ "ရေရှည်မှာတော့ အန္တရာယ်ရှိချင်လည်း ရှိမှာပေါ့။ ဒါတော့မသိဘူး" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒီလိုပဲ " မွေးစားလိုက်တိုင်း နိုင်ငံသားတန်းဖြစ်စေဆိုတာမျိုးလည်း မဟုတ်ပါဘူး" ဆိုတဲ့စကားကလည်း "မွေးစားပြီး ကာလအတော်ကြာခဲ့ရင်တော့ နိုင်ငံသားဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့" လို့ အဓိပ္ပာယ်ကောက်ယူလို့ရနေပြန်တယ်။

ဥပေဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးကတော့ "တိုင်းရင်းသားနိုင်ငံသားမဟုတ်သည့် ကလေးသူငယ်များကို ပြင်ဆင်လိုက်သည့်ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေ အရ မွေးစားခွင့်ရှိသော်လည်း နိုင်ငံသားဖြစ်ခွင့်မရှိကြောင်း၊ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ၊ ကိတ္တိမမွေးစားခြင်းဆိုင်ရာဥပဒေများကို လိုက်နာရမည်ဖြစ်ပြီးမွေးစားခွင့်မှတ်ပုံတင်ရန် လဝကတွင်မှတ်ပုံတင်၍ မရဘဲ၊ လူမှုဝန်ထမ်း ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ကာမှတ်ပုံတင်ခြင်းနှင့်နိုင်ငံသားဖြစ်ခွင့်မတူညီကြောင်း၊ ပြင်ဆင်သည့် ဥပဒေသည် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ ကန့်ကွက်စာတင်ခြင်းသည် အမှန်တကယ်ကလေးသူငယ်ဥပဒေကိုနားမလည်သောကြောင့်ဖြစ်ကြောင်း"ဆိုပြီး ပြောဆိုပြန်တယ်။

ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးဖြစ်သူ Htoo Nyan ကသူ့အကောင့်မှာ "၈၂ ဥပဒေမှာ ကလေးမွေးစားခြင်းဆိုင်ရာကို ပုဒ်မတခုနဲ့ ပြဌာန်းထားတယ် ဒါကို မွေးစားခြင်း ဥပဒေ ပြဌာန်းတယ်။ ICCPR ကိုလည်း လက်မှတ်ထိုးဖို့လုပ်နေတယ်လို့ ကြားရတယ် ICC-PR ရဲ့ Article 24 က အခု ကလေးမွေးစားခွင့် ဥပဒေပုဒ်မနဲ့ ချိတ်လိုက်လို့ကတော့ ၈၂ မွေးစားခြင်း ဥပဒေ မြောင်းထဲရောက်ပဲ" လို့ ရေးထားတာဖတ်လိုက်ရတယ်။

Article 24 က clause 8 မှာ ပါတဲ့ ပြဋ္ဌာန်းချက်ထဲက အောက်ပါစာသားတွေဟာ ဗမာလိုပြောရင် နားလှည့်ပါးရိုက်ထားတဲ့မလှိမ့်တပတ်စာသားတွေဖြစ်တယ်။ လက်တန်းရေးနေတာမို့ အချိန်မရလို့ ဘာသာပြန်မပေးလိုက်နိုင်ဘူး။ While the purpose of this provision is to prevent a child from being afforded less protection by society and the State because he is stateless, it does not necessarily make it an obligation for States to give their nationality to every child born in their territory. However, States are required to adopt every appropriate measure, both internally and in cooperation with other States, to ensure that every child has a nationality when he is born. In this connection, no iscrimination with regard to the acquisition of nationality should be admissible under internal law as betweenlegitimate children and children born out of wedlock or of stateless parents or based on the nationality status of one or both of the parents. The measures adopted to ensure that children have a nationality should always be referred to in reports by States parties.

ပြောချင်တာက ICCPR ကို လက်မှတ်မထိုးဘဲနေရင်တောင် နောင်အနာဂတ်မှာ အင်တန်ရှုပ်ထွေးလာနိုင်တဲ့ ဒီကိစ္စမျိုးကို ဘာ့ကြောင့် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ထောက်ခံခဲ့တာလဲဆိုတာပါပဲ။ ဆက်ကြားရတဲ့သတင်းက ICCPR ကို လက်မှတ်ထိုးမယ်ဆိုတဲ့သတင်းပဲ။ လက်မှတ်ထိုးလိုက်တာနဲ့အဲဒီ ICCRInternational Covenant on Civil and Political Rights ထဲမှာပြဋ္ဌာန်ထားတာတွေကိုလိုက်နာရတော့မယ်။ အထက်က ထုတ်နုတ်တင်ပြထားတဲ့စာသားထဲမှာ "နိုင်ငံပိုင်နက်ထဲမှာမွေးဖွားတဲ့ကလေးတိုင်းကို နိုင်ငံသား မဖြစ်မနေပေးရမယ်လို့မဆိုလိုဘူး၊ ဒါပေမဲ့လို့အဲဒီကလေးတစ်ယောက်မွေးဖွားချိန်မှာ နိုင်ငံသားအဖြစ်ရရှိအောင် တိတိကျကျသေသေချာချာလုပ်နိုင်စေဖို့အတွက် ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ရော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတွေမှာတာဝန်ရှိတယ်" ဆိုတဲ့အဓိပ္ပာယ်ပါတယ်။ အချိန်မရလို့ လုံးစေ့ပတ်စေ့မပြန်နိုင်ဘူး။

ဒီဥပဒေပြဋ္ဌာန်းလိုက်တာနဲ့ပတ်သက်ပြီး ဦးကျော်ဇေကျလို NLD အမတ်၊ ပြည်သူ့ပါတီက အမတ်တစ်ဦးနဲ့ လယ်ယာမြေအကြောင်းတွေရေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူလိုထင်ရှားတဲ့သူတွေကလည်း မကြိုက်နှစ်သက်ကြောင်း ပြသနာအမျိုးမျိုးရှိလာနိုင်ကြောင်း၊ နောက်ကွယ်မှာ မရိုးသားမှုတွေရှိလာနိုင်ကြောင်းပြောထားတဲ့ ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရတယ်။

ကောင်းပြီ။

ဒီလိုပုံစံနဲ့ဘင်္ဂလီကလေးတွေကိုတစ်အိမ်နှစ်ယောက်နှုန်းမွေးစားလိုက်တယ်ဆိုပါတော့။ လောလောဆယ်နိုင်ငံသားမဖြစ်သေးဘူးထားလိုက်ဦး။ အဲဒီမိသားစုဝင်တွေ မြန်မာနိုင်ငံအနှံ့အပြားကို ပြောင်းရွှေ့နေထိုင်ကြမယ်၊ မွေးစားကလေးတွေဟာ တဖြည်းဖြည်းသန်းနဲ့ချီပြီး များပြားလာပြီဆိုပါစို့၊ နောင် ၁၈ နှစ်လောက်မှာဒီကလေးတွေ လူကြီးဖြစ်ပြီ၊ နေရာအနှံ့အပြားမှာစုမိနေကြပြီ၊ တစ်နည်းအားဖြင့် နေရာဖြန့်ခွဲ ယူထားပြီးပြီ၊ အဲဒီအချိန်မျိုးမှာ သူတို့တွေစုပြီးတိုင်းပြည်ဒုက္ခရောက်အောင် ဆောင်ရွက်လာပြီဆိုပါတော့၊ ဘယ်လိုလုပ်ကြမလဲ။

ဒီကလေးတွေကို မွေးစားဖို့အတွက် နောက်ကွယ်ကနေ ထောက်ပံ့မယ့်သူတွေ ငွေထုပ်ပိုက်ပြီးစောင့်နေကြတယ်နော်။

ဦးဖိုးဖြူပြောသလိုပဲ စိတ်မပါလည်း အခွင့်အရေးမြင်ရင် လိုလိုလားလားမွေးစားပါမယ်ဆိုတဲ့သူတွေလည်းအများအပြားပေါ်လာကြမှာပဲ။

တိုင်းပြည်အနာဂတ်အတွက် အင်မတန်မှ အန္တရာယ်ကြီးပြီး ရင်လေးစရာကောင်းလှတဲ့လုပ်ရပ်ကို NLD ကိုယ်စားလှယ်တွေဘာ့ကြောင့်လုပ်နေသလဲဆိုတာစဉ်းစားလို့ကိုမရဘူး။

ကျွန်တော့် မိတ်ဆွေတစ်ဦးကပြောဖူးတယ်။

"လွှတ်တော်ထဲမှာ အကြောင်းအရာထက် စစ်တပ်ကထောက်ခံသလား/ ကန့်ကွက်သလားဆိုတာကိုကြည့်တယ်၊ စစ်တပ်ကထောက်ခံရင် NLD က ကန့်ကွက်မယ်၊ စစ်တပ်က ကန့်ကွက်ရင် NLD က ထောက်ခံမယ်၊ ဒါပဲ" တဲ့။

ကျွန်တော်ဟာ NLD ထောက်ခံသူတစ်ဦးပါပဲ။ ဒါပေမဲ့လို့ အခုလို အမြော်အမြင်နည်းတဲ့ လုပ်ရပ်မျိုးကိုတော့ဖြင့် အလွန်စိတ်ပျက်မိတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ်ကနေကျော်လွန်ပြီး ခရီးသွားလာလို့မရပါဘူး။ သို့ပေမဲ့ ဒီဥပဒေအ တည်ဖြစ်သွားပြီဆိုရင်တော့ အသက် ၁၈ နှစ်အောက် (၁၈ နှစ်ကျော်ပါလာရင်လည်းပါလာမှာပေါ့။)ဘင်္ဂလီကလေးငယ်တွေဟာ မွေးစားမိဘတွေနဲ့အတူတူ တစ်နိုင်ငံလုံးအနှံ့ ကြိုက်တဲ့နေရာမှာ သွားလာနေထိုင်ခွင့်ရသွားပါပြီ။

ဒါဟာ ကနဦးတံခါးဖွင့်လိုက်တာပါပဲ။ အဲဒီ ပထမဦးဆုံးဖွင့်လိုက်တဲ့တံခါးကို ICCPR ပြဋ္ဌာန်းချက်တွေနဲ့ ချိတ်ဆက်အသက်သွင်းပြီး နောက်ပိုင်းမှာ နိုင်ငံရေးကစားကွက်တွေ အမျိုးမျိုး ဖန်တီးလို့ ရလာနိုင်ပါတယ်။

NLD ကိုယ်စားလှယ်တွေရဲ့ အမြော်အမြင်နည်းပါးမှုဆင်ခြင်တုံတရားကင်းလွတ်မှုတွေကြောင့် တိုင်းပြည်မှာ မရှုနိုင်မကယ်နိုင် ပြသနာမျိုးတွေ ကြီးမားစွာထပ်မံပေါ်ပေါက်လာပြီဆိုရင်တော့ NLD ဟာ မမျှော်လင့်ဘဲ သမိုင်းတရားခံလုံးလုံးဖြစ်သွားနိုင်တယ်ဆိုတာကို မေ့လျော့ထားပုံရတယ်လို့ထင်ပါတယ်။

အမျိုးသားရေး အသိ/ သတိ မရှိဘဲ ထင်ရာစိုင်းလုပ်နေမယ်ဆိုရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိုးကြီးစုန်းစုန်းချုပ်လိမ့်မယ် ဆိုတာကို မမေ့သင့်ကြောင်းပြောလိုပါတယ်ခင်ဗျား

No comments:

Post a Comment