Monday, June 24, 2019

စစ်ရှောင်စခန်းများတည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရက ကျပ် ငါးဘီလီယံလျာထား တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီး တစ်လအတွင်း ပြီးစီးရန်သတ်မှတ်

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ ကြုံနေရသည့် ဒေသခံများအ တွက် စစ်ရှောင်စခန်းများဆောက် လုပ်ပေးရန် ကျပ်သိန်းငါးသောင်း  (ကျပ် ငါးဘီလီယံ) လျာထား ကြောင်းရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူစည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ စစ်ရှောင်များ၏ ဆန္ဒပြု ချက်အပေါ်မူတည်ပြီး နေအိမ် များဆောက်လုပ်ပေးမည်ဟု  ၎င်း ကဆိုသည်။



‘‘အိမ်ဆောက်ပေးနေတာ။ တစ်လအတွင်း ပြီးအောင် ဆောက်ဖို့သတ်မှတ်ထားတာ။ ဒီ  လကုန်လောက်ပြီးနိုင်ဖို့။ မြို့နယ် အားလုံးပါတယ်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊  မြောက်ဦးပါတယ်။ ကျောက် တော်ကတော့နေမယ့်သူမရှိလို့  ဆိုပြီးတော့ လောလောဆယ်မပါ သေးဘူး။ နေမယ်လို့ ဆန္ဒပြုမယ် ဆိုရင်တော့ ထပ်ဆောက်ပေး မယ်’’ ဟု ဦးဝင်းမြင့်က ဇွန်လ ၂၃  ရက်တွင်ပြောသည်။

တိုက်ပွဲများကြောင့် ယာယီ စစ်ဘေးဒုက္ခသည်စခန်းများ၌ တိမ်းရှောင်နေထိုင်သူ သုံးသောင်း  ခန့်အပါအ၀င် စစ်ဘေးသင့်ပြည်သူလေးသောင်းခွဲကျော် ရှိ ကြောင်း  ကူညီရေးအဖွဲ့အချို့က  သတင်းထုတ်ပြန်ထားသည်။

ရခိုင်ဒေသရှိ စစ်ဘေးရှောင်  ၁၆ ရာခိုင်နှုန်းခန့်ကသာ အစိုးရ ကတည်ဆောက်ပေးမည့် စခန်း  များတွင် နေထိုင်ရန်အဆိုပြုထား  ၍ လတ်တလောတွင် စစ်ရှောင် စခန်းတည်ဆောက်စရိတ်ကျပ် ၁ ဒသမ ၆ ဘီလီယံကျော်အသုံးပြု ရန်ရှိကြောင်း ဦးဝင်းမြင့်ကပြော သည်။

‘‘ကျန်တဲ့သူတွေကတော့နေ ဖို့ဆန္ဒမပြုကြတဲ့အတွက် မ ဆောက်ပေးဘူး။ ဆန္ဒပြုလာရင် တော့ဆောက်ပေးပါတယ်။  မနေ လိုတဲ့သူတွေကတော့ နေရပ်ပြန် လိုသူရှိမယ်။ သူတို့မူလနေရာနဲ့ ဝေးလို့လည်းရှိမယ်။ စစ်ဘေး ရှောင်တွေနေဖို့အတွက် နေအိမ် ဆောက်ပေးတဲ့နေရာကို ရွေး ချယ်တာကတော့ အစိုးရအဖွဲ့ပိုင် မြေကို အဓိကထားပြီးရွေးချယ် တယ်။  ပုဏ္ဏားကျွန်းမှာလည်း  စက်မှုဇုန်မြေကို ရွေးချယ်တယ်။  လုံခြုံရေးအရလည်းလုပ်ပေးလို့  အဆင်ပြေတဲ့နေရာမျိုးပေါ့နော်။  အစိုးရပိုင်မြေမရှိရင် မြေငှားပြီး တော့နေရာချပေးတယ်။ ကျွန် တော်တို့အစိုးရဘက်ကတော့နေ ထိုင်လိုသူတွေအတွက် လုပ်  ဆောင်ပေးဖို့အတွက် ပြောထား  တာပေါ့။ လာပြီးချိတ်ဆက်ပါ ဆန္ဒပြုပါ။ စားဝတ်နေရေး အစစ အရာရာပေါ့။ အစိုးရအဖွဲ့ကဒါမှ လည်း ကူညီပေးနိုင်မှာပေါ့’’ ဟု ၎င်းကဆိုသည်။

အစိုးရအနေဖြင့် ယာယီနေ ထိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းသည် ကောင်းမွန်ကြောင်း၊ စစ်ဘေး ရှောင်များမူလအသက်မွေးဝမ်း ကျောင်းများ လုပ်ကိုင်နိုင်မည့် နေရာအနီးဝန်းကျင်တွင် ဆောက် လုပ်ပေးရန်လိုအပ်ကြောင်း ၀ံ လက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေး ရှင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

‘‘သူတို့ (စစ်ဘေးရှောင်)တွေ ရဲ့ဆန္ဒနဲ့အညီလုပ်ပေးသင့်တယ်။  သူတို့နေချင်တဲ့နေရာမှာ လွတ် လွတ်လပ်လပ်နေထိုင်ခွင့်ပေး သင့်ပါတယ်။ သူတို့ရဲ့အသက် မွေးဝမ်းကျောင်းမပျက်သွားဖို့အ ရေးကြီးပါတယ်’’ ဟု ၎င်းကဆို သည်။

လက်ရှိတွင် မြောက်ဦးမြို့ နယ် နန်းကျကျေးရွာတွင် အိမ် ထောင်စု၂,၅၀၀ ကျော်နေထိုင်နိုင် မည့် စခန်းအဆောက်အအုံများကို စတင် ဆောက်လုပ်နေသည်။ ယင်းစခန်းတွင် လူနေဆောင် ၁၂၅ ဆောင်၊ နှစ်ခန်းတွဲအိမ်သာ အလုံး ၁၀၀၊ စားဖိုဆောင်သုံး ဆောင်ပါရှိသောအဆောက်အအုံ  များဆောက်လုပ်မည်ဖြစ်သည်။

စစ်ဘေးရှောင်များအတွက် စခန်းများဆောက်လုပ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရန် အမိုးအကာလုံခြုံသည့် အ ဆောက်အအုံများဖြစ်ရန်လိုအပ် ကြောင်း မြောက်ဦးမြို့နယ် ပြည် နယ်လွှတ်တော်အမတ်ဦးထွန်း သာစိန်ကပြောသည်။

‘‘ဒီအတိုင်းဆိုရင် အပစ်အ ခတ်မရပ်စဲဘူးဆိုရင် စစ်ရှောင် တွေက ရေရှည်ကြာသွားမယ့် သဘောရှိတယ်။  လူမှုရေး ပြဿနာတွေဖြစ်လာနိုင်သလို ကျန်းမာရေးအခက်အခဲတွေ လည်းဖြစ်လာနိုင်တယ်။ ကလေး  တွေရဲ့ပညာရေးလည်းအခက်အ ခဲရှိနိုင်တယ်’’ ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် AA တို့၏  စစ်ရေးပဋိပက္ခများကြောင့် ဒေသ ခံ ပြည်သူလူထုထိခိုက်နစ်နာ   နေ၍ နှစ်ဖက်စလုံးက အပစ်အ ခတ်ရပ်စဲရေး ကြိုးပမ်းရန်  ဦး ထွန်းသာစိန်က  တိုက်တွန်းသည်။ ၂၀၁၈ နှစ်ကုန်ပိုင်းက တည်းက ရခိုင်ပြည်နယ်အတွင်း မကြာခဏဖြစ်ပွားနေသောတိုက် ပွဲများကြောင့် ဒေသခံများ စစ် ဘေးတိမ်းရှောင်ရခြင်းအပြင် စစ် ရေးပဋိပက္ခနှင့် ဆက်နွှယ်ပြီး အ ရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု များ၊ ဖမ်းဆီးခံရမှုအများအပြားဖြစ်ပေါ်နေသည်။

No comments:

Post a Comment