Monday, June 24, 2019

ဂွမြို့ ဖာလာတောင်တွင် ကားတစီးလိမ့်ကျ၊ ၁၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ-သံတွဲကားလမ်း ဖာလာတောင်အတက်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ကားတစီး တိမ်းမှောက်မှုဖြစ်ပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထာဝရမေတ္တာနာရေးကူညီမှုအသင်းက ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီကားဟာ ဂွမြို့မှာရှိတဲ့ ဖာလာတောင်အတက်မှာ ကားမတက်နိုင်ဘဲ နောက်ပြန် လိမ့်ကျသွားပြီး ကားပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး အချို့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။



ထာဝရမေတ္တာနာရေးကူညီမှုအသင်း ကိုကျော်မြင့်မောင်က “ကားက ဖာလာတောင် အတက်မှာ တောင်ကိုမတက်နိုင်လို့ ပြန်ပြုတ်ကျတာ၊ အောက်ကို လိမ့်ကျသွားတာ၊ ကျနော်တို့ တချို့ကိုတော့ ဂွမြို့ ဆေးရုံပို့ထားတယ်။ ဒဏ်ရာရသူတွေကတော့ တော်တော်ဒဏ်ရာပြင်းထန်တယ်” လို့ပြောပါတယ်။

အဲဒီ ဒိုင်နာကားဟာ ကုလားပြင်ကျေးရွာကနေ ဂွမြို့ကိုပြေးဆွဲနေတဲ့ ကားတစီးဖြစ်ပြီး သေဆုံးမှုတော့ လောလောဆယ် အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

No comments:

Post a Comment