Monday, June 24, 2019

တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းသားစာရင်းကို အစိုးရအဖွဲ့ထံတင်ပြထားပြစ်ဒဏ်လျှော့ပေါ့ရန် ရှိ၊ မရှိ ပြန်ကြားလာခြင်းမရှိသေး

ယခုနှစ် တက္က သိုလ်ဝင်တန်း စာမေးပွဲအောင် မြင်သည့် အကျဉ်းသားများ စာ ရင်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ထံ တင်ပြထားပြီး ပြစ်ဒဏ် လျှော့ပေါ့ပေးရန် ရှိ၊မရှိကိုမူ ပြန် ကြားလာခြင်း မရှိသေးကြောင်း သိရသည်။ ""အောင်မြင်တဲ့အနေနဲ့ က ပြည်ထဲရေးကို တင်ထားတယ်။ ပြည်ထဲရေးကနေ အစိုးရအဖွဲ့ရုံး ကို တင်ထားတယ်။ အောင်မြင်တဲ့ အကြောင်း၊ ဂုဏ်ထူးရတဲ့ အ ကြောင်းတွေကိုပေါ့"" ဟု အကျဉ်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးက ဒီမိုကရေစီတူဒေးသို့ ဇွန် ၂၃ ရက်တွင် ပြောသည်။



၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ လွိုင်ကော်ထောင်၊ ဘားအံထောင်၊ တောင်ငူထောင်၊ မြိတ်ထောင်၊ က သာထောင်၊ သရက်ထောင်၊ မုံရွာ ထောင် စုစုပေါင်း ထောင်ကိုး ထောင်တို့မှ အပြစ်ကျအကျဉ်း သား ၁၇၁ ဦး ဖြေဆိုခဲ့ရာ ၉၄ ဦး အောင်မြင်ခဲ့သဖြင့် အောင်မြင်မှု ရာခိုင်နှုန်းမှာ (၅၄ ဒသမ ၉၇) ရှိ ကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အောင်မြင်သူများတွင် သုံး ဘာသာဂုဏ်ထူးလေးဦး၊ နှစ်ဘာ သာဂုဏ်ထူး ၁၆ ဦး၊ တစ်ဘာသာ ဂုဏ်ထူး ၂၁ ဦး နှင့် ရိုးရိုးအောင် ၅၃ဦးတို့ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အောင်မြင်သည့်အကျဉ်း သားများကို ပြစ်ဒဏ်လျှော့ပေါ့ ပေးရန် ရှိ၊ မရှိ ဒီမိုကရေစီတူဒေး မှမေးမြန်းခဲ့ရာ""အထက်က ကျ လာတဲ့စာပေါ်မှာမူတည်ပြီးတော့ သူတို့ဘာလုပ်မလဲဆိုမှ ဆက် လုပ်ရမှာပေါ့။ အစိုးရအဖွဲ့က ပြန် ကြားတာမလာသေးဘူး""ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အပြစ်ကျအကျဉ်း သား ၁၀၄ ဦး ဖြေဆိုခဲ့ရာ ၄၇ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် ရာခိုင်နှုန်း (၄၅ဒသမ၁၉) ရှိခဲ့သည်။ယခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်စာရင်းကို ပညာ ရေးဝန်ကြီးဌာနက ဇွန် ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး စုစု ပေါင်း ၈၅၁၅၁၄ ဦး ဖြေဆိုခဲ့ရာ ၂၆၇၆၉၆ ဦး အောင်မြင်သဖြင့် အောင်ချက်မှာ ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment