Monday, June 24, 2019

မင်းသမီးခီးစက်မှုဇုန်စီမံကိန်းဖော်ဆောင်ရေး လိုအပ်သောလျှပ်စစ်ကို ထိုင်းမှဝယ်ရန် KNU စီစဉ်

ထိုင်း-မြန်မာနယ်စပ်တွင် အကောင်အထည်ဖော်မည့်  မင်းသမီးခီးစက်မှုဇုန် စီမံကိန်းအတွက် လိုအပ်သောလျှပ်စစ်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ၀ယ်ယူနိုင်ရေး ကရင်အမျိုးသားအစည်းအရုံး(KNU)က အစိုးရအဖွဲ့ထံတင် ပြထားကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က 7Day Daily သတင်းစာအား ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မြိတ် -ထားဝယ်ခရိုင် KNU တပ်မဟာ (၄) တာဝန်ရှိသူများနှင့် တိုင်းအ စိုးရအဖွဲ့တို့ တွေ့ဆုံစဉ် KNU  ဘက်က ထိုသို့တင်ပြခဲ့သည်ဟု  ၀န်ကြီးချုပ်က ဆိုသည်။



၂၀၁၇ နှစ်ကုန်ကစ၍ ထား ၀ယ်ခရိုင် ထိုင်း-မြန်မာနယ်စပ် ဒေသ ဆင်ဖြူတိုင်ကျေးရွာနှင့်  ထီးထာကျေးရွာကြားရှိ မြေ ၆,၆၇၆ ဧကပေါ်တွင် မင်းသမီးခီး အမည်ရှိ စက်မှုဇုန်တစ်ခုအ ကောင်အထည်ဖော်ရန် KNUက စီစဉ်ခဲ့ပြီး ယင်းစီမံကိန်းကို တိုင်း လွှတ်တော်ကလည်း အတည်ပြု ထားသည်။

‘‘KNUဘက်က စီးပွားရေး ဇုန်နဲ့ပတ်သက်ပြီး အသိပေး တယ်။နောက်ပြီးသူတို့ ထိုင်းဘက် ကနေ လျှပ်စစ်သွယ်တန်းရေး အတွက် လျှောက်ထားတဲ့ကိစ္စ  ဘယ်အခြေအနေထိရောက်နေပြီ လဲဆိုတာတွေ၊ သူတို့ သိချင်တာ တွေမေးတယ်။ KNUက စီမံကိန်း ကိုဆက်လုပ်နေပါတယ်။ တော် တော်လည်း ခရီးရောက်နေပါပြီ’’ ဟု ၀န်ကြီးချုပ်ဦးမြင့်မောင်က ရှင်းပြသည်။

ထို့အပြင် KNU တပ်မဟာ (၄)နှင့် တွေ့ဆုံစဉ် တပ်ပိုင်းဆိုင် ရာကိစ္စများ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍နှစ်ဖက် ဆွေးနွေးခဲ့ကြောင်း ၎င်းကဆို သည်။

လက်ရှိတွင် မင်းသမီးခီး စက်မှုဇုန်စီမံကိန်းအတွက်လိုအပ် သည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံမှတစ်ဆင့်ဝယ်ယူရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့ထံ တင်ပြထားသော် လည်း မည်သည့်အချိန် ခွင့်ပြု ချက်ကျမည်ကို မသိရသေး ကြောင်း KNU တပ်မဟာ(၄)ပြော  ရေးဆိုခွင့်ရှိသူ ဖဒိုစောဖလို့စိုး ၀င်းက ပြောသည်။

‘‘မဂ္ဂါဝပ်တော့ သိပ်မများဘူး ထင်တယ်။ တကယ်စက်မှုဇုန်ဖြစ် လာရင် ထပ်ပြီးတော့ ၀ယ်စရာရှိ ရင် ၀ယ်မှာပေါ့။ လောလောဆယ် ကတော့ အဲဒီမှာရှိတဲ့ အနေအ ထားနဲ့လုံလောက်တဲ့ အဆင့် လောက်ရအောင် ကြိုးစားတာပဲ’’ ဟု ၎င်းက ဆိုသည်။

တွေ့ဆုံပွဲတွင် အောက်ခြေ ၌  အုပ်ချုပ်ရေးဆိုင်ရာ၊ တပ်ပိုင်း ဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာ ပါက နှစ်ဖက်အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးဖြေရှင်းရန်နှင့် ပုံမှန်တွေ့ ဆုံဆွေးနွေးမှုများကို နှစ်လတစ် ကြိမ်ပြုလုပ်ရန် သဘောတူခဲ့ ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေး ရုံးတာဝန်ခံ ဖဒိုစောဖလို့စိုးဝင်းက ရှင်းပြသည်။

ယခင်က မင်းသမီးခီးစက်မှု ဇုန်စီမံကိန်းအတွက် လိုအပ်သော  လျှပ်စစ်ဓာတ်အား ရရှိရေး တနင်္သာရီမြစ်ဖျားပိုင်း၌ ရေကာ တာတည်ဆောက်၍ လျှပ်စစ် ဓာတ်အားထုတ်ယူရန် စီစဉ်ခဲ့ သော်လည်း ဒေသခံများ၏ ကန့် ကွက်မှုကြောင့် ယင်းအစီအစဉ်ကို KNU က ရပ်ဆိုင်းခဲ့သည်။

စက်မှုဇုန်စီမံကိန်းကို ရင်းနှီး မြှုပ်နှံရန် တရုတ်နိုင်ငံ China Power Investment ကုမ္ပဏီနှင့် ယခင်ကနားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဖူးသော်လည်း ညှိ နှိုင်းမှုမပြေလည်ဟုဆိုကာ ရင်းနှီး မြှုပ်နှံမှု မပြုတော့ပေ။

ယင်းနောက် စီမံကိန်းဆက် လက်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ဟု KNU ကဆို သော်လည်း အသေးစိတ်ကို ဇွန် လကုန်မှ ထုတ်ပြန်ပေးနိုင်မည်ဟု ဖဒိုစောဖလို့စိုးဝင်းက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်အနီး  စက်မှုဇုန် အကောင်အထည်ဖော် မည့်ထီးခီးဒေသသည် မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ (၄)အခြေစိုက်လှုပ်ရှားရာဒေသ ဖြစ်သည်။

No comments:

Post a Comment