Monday, June 24, 2019

ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းရန် ရန်ကုန်တိုင်းလွှတ်တော်အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းဖို့ ဇွန်လ ၂၄ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းဖို့ကို နိုင်ငံတော် သမ္မတက တိုင်းလွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ဝန်ကြီးကိုတော့ လွှတ်တော်က မကြေညာသေးပါဘူး။



ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိမှာတော့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လူမှုရေး ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေး သစ်တောနဲ့ စွမ်းအင် ၀န်ကြီးဌာန၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၆ခု ဖွဲ့စည်းထားပါတယ်။

မန္တလေးတိုင်းအပါအ၀င် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတွေ တိုးချဲ့ဖွဲ့စည်းဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

No comments:

Post a Comment