Monday, June 24, 2019

အိမ်ယာမဲ့အမျိုးသမီးတစ်ဦး ပေ(၃၀)နက်တဲ့ လှောင်ကန်ကြီးထဲကျကာ တစ်ပတ်ကြာပိတ်မိနေခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနာပိုလစ်မြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပေ(၃၀)နက်တဲ့ လှောင်ကန်ကြီးတစ်ခု ထဲကျကာ တစ်ပတ်ကြာပိတ်မိနေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကယ်တင် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေဟာ ပေ(၃၀)မြင့်တဲ့ လှောင်ကန်ကြီးကို လဲလှယ်ဖို့ပြင်ဆင် နေခဲ့ချိန်မှာ အောက်ခြေက အမျိုးသမီးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ အင်ဒီယာနာပိုလစ်မီးသတ်တပ်ဖွဲ့က အတည်ပြုဖော်ပြပေးခဲ့ပါတယ်။


(၂၈)နှစ်အရွယ်အမျိုးသမီးက သူမက အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး နေစရာခိုလှုံစရာလိုက်ရှာနေခဲ့ချိန် လှောင်ကန်ကြီးကိုတွေ့ရှိခဲ့ကာ အပေါ်ကိုလှေကားကတစ်ဆင့်တက်ခဲ့ပြီး အထဲကိုဆင်းဖို့အတွက် အတွင်း လှေကားကိုနင်းလိုက်တဲ့အခါ လှေကားက အောက်ကိုပြုတ်ကျသွားခဲ့တာလို့ သူမကို ကယ်တင်ပေးခဲ့တဲ့အလုပ်သမားတွေကို ပြောပြခဲ့ပါတယ်။ အလုပ်သမားအဖွဲ့ဟာ အောက်ထဲပြုတ်ကျနေခဲ့တဲ့အမျိုးသမီးကို (၁၅) မိနစ်အတွင်းမှာ ကယ်တင်ပေးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ကနေ သူမကို အခင်းဖြစ်နေရာမှာပဲ ကျန်းမာရေးစစ်ဆေး မှုပြုလုပ်ပေးခဲ့တဲ့အခါ ပြင်ပဒဏ်ရာတစ်စုံတစ်ခုမှ မရရှိထားတာကို တွေ့ခဲ့ရပါတယ်။

No comments:

Post a Comment