Monday, June 24, 2019

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူကြေးရုပ်တု ဖြူးမြို့တွင် ထားရှိမည်

65010173_2369921383264907_7568313695080546304_oပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ရှိ ဗိုလ်ချုပ်ရင်ပြင်မှာ ထားရှိမယ့် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ပုံတူကြေးရုပ်တုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ရုပ်တုတွေ ထားရှိဖို့ စီစဉ်နေသူတွေထံက သိရပါတယ်။ ဖြူးမြို့မှာ အမြင့် ၉ ပေရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ၂၀၁၇ ခုနှစ်က စိုက်ထူထားရှိပြီး ကျန်ရှိနေတဲ့ အာဇာနည် ၈ ဦးကို ထားရှိနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ ထားရှိတာဖြစ်သလို မြို့ကျက်သရေဆောင် နေရာတခု ဖြစ်လာစေဖို့ရည်ရွယ်ပြီး ပြုလုပ်တာလို့ ဖြူးမြို့ ဗိုလ်ချုပ်ရင်ပြင်ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီ နာယက ဦးသက်စိန်က ပြောပါတယ်။


ဒီကြေးရုပ်တုတွေကို မန္တလေးမြို့ တမ္မဝတီရပ်ရှိ ပြည့်ဝ မြန်မာမှုကြေးသွန်းအနုပညာ လုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်အောင်မိုးက မတ်လဆန်းမှ စတင်ပြီး ပြုလုပ်နေတာ ဖြစ်ပြီး ဇွန်လ တတိယအပတ်မှ ပြီးစီးသွားတာပါ။

အဲဒီပုံတူကြေးရုပ်တုတွေက အမြင့် ၂ပေ ရှိပြီး ကိုယ်တပိုင်း ပုံပြုလုပ်ထားတာပါ၊ ပုံတူကြေးရုပ် တရုပ်ကို ကြေးပိဿာချိန် ၅၀ကျော် ရှိပါတယ်။

အာဇာနည် ၈ ဦး ပုံတူ ကြေးရုပ်တုတွေကို ဇူလိုင် ပထမအပတ်မှ မန္တလေးမြို့ကနေ ဖြူးမြို့သို့ သယ်ယူမှာဖြစ်ပြီး ဇူလိုင် ၁၉ရက်မှ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။

No comments:

Post a Comment