Monday, June 24, 2019

ဖိလစ်ပိုင်နိုင်ငံတွင် လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် ကလေးငယ် ၅ ဦးအပါအ၀င် လူ ၆ ဦးသေဆုံး

Image may contain: outdoor and textဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားရာ ကလေးငယ် ၅ ဦး အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖယောင်းတိုင်လဲ၍ မီးကူးစက်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများမှာ အခန်းတွင်း အသက်ရှုကြပ်၍သေဆုံးခြင်းဖြစ်ကြောင်း မက်ထရိုမနီလာရှိ Caloocanမြို့ ရဲဘက်ဆိုင်ရာမှ ဖော်ပြသည့် သတင်းများအရ သိရသည်။ အချင်းဖြစ်ပွားသည့်နေအိမ်မှာ မီးကူးစက်လောင်ကျွမ်းလွယ်သည့် ပစ္စည်းများနှင့် တည်ဆောက်ထားခြင်းဖြစ်ရာ မီးကူးစက်မှု လျှင်မြန်ခဲ့ကြောင်း ၊ ထို့အပြင် အနီးပတ်ဝန်းကျင်တွင် မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားထားမှုများကြောင့် မီးငြှိမ်းသတ်ရန် မီးသတ်ကား သွားလာရာတွင် အတားအဆီးနှောင့်နှေးမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲဘက်ဆိုင်ရာ က ဆိုသည်။

No comments:

Post a Comment