Monday, June 24, 2019

နော်ဝေးနှင့်ဂျာမနီ အမျိုးသမီး ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်

 သြစတြေးလျနှင့်ပွဲတွင်သာ မန်ပွဲကစားချိန်အတွင်း တစ်ဂိုးစီ သရေကျသောကြောင့် ပင်နယ် တီအဆုံးအဖြတ်ခံယူခဲ့ရာ ၄-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ချန်ပီယံ ဟောင်းနော်ဝေးသည် အမျိုးသမီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ အချိန်ပိုပထမပိုင်း၌ သြစ တြေးလျနောက်ခံလူ ကနေဒီ တိုက်ရိုက်အနီကတ်ပြထုတ်ပယ် ခံရကာ နော်ဝေးဝါရင့်ဂိုးသမား အင်ဂရစ်ဂျယ်လ်ဆက်သ်က ပင် နယ်တီနှစ်လုံးကာကွယ်ပြီး သူရဲ ကောင်းဖြစ်ခဲ့သည်။



‘‘ဒါက ခမ်းနားတဲ့နိုင်ပွဲပါ။ သူတို့ပင်နယ်တီကန်တဲ့အခါ တစ် ဖက်ဖက်ကို ရွေးချယ်ပြီး အာရုံ စိုက်ခဲ့ပါတယ်။ ငါရွေးတဲ့ဘက်က မှန်ကန်မှာပါလို့လည်း ကိုယ့်ကိုယ် ကိုယ်ပြောခဲ့ပါတယ်။ ရွေးတဲ့ ဘက် မှန်ခဲ့ပါတယ်’’ ဟု အင်ဂရစ် ကပြောသည်။

အင်ဂရစ် (၃၉) နှစ်သည် ပင်နယ်တီအဆုံးအဖြတ်အဖြစ် နောက်ဆုံးဖမ်းခဲ့သော ၂၀၁၃  ဥရောပချန်ပီယံရှစ်အကြိုဗိုလ်လု ပွဲတွင်လည်း ပင်နယ်တီနှစ်လုံး ကာကွယ်ပေးခဲ့သည်။

နော်ဝေးသည် ကွာတားဖိုင် နယ်တွင် ကင်မရွန်း (သို့မဟုတ်) အင်္ဂလန်နှင့် တွေ့ဆုံမည်ဖြစ် သည်။ သြစတြေးလျအသင်းသည် ကွာတားဖိုင်နယ်သို့ လေးကြိမ် ဆက်တက်ရောက်ရန် ကြိုးပမ်း သော်လည်း အောင်မြင်မှုမရခဲ့ ပေ။

‘‘အသင်းအပေါ်ကို အများ ကြီး မျှော်လင့်ထားတာပါ။ ဒါ ကြောင့် ဒီနည်းနဲ့ထွက်ရတာက နည်းနည်းတော့ ကြမ်းတမ်းပါ တယ်’’ ဟု သြစတြေးလျအတွက် တစ်လုံးတည်းသောပင်နယ်တီဂိုး သွင်းယူပေးခဲ့သူ နောက်ခံလူ ကတ်တလေက ပြောသည်။

၂၀၀၃ နှင့် ၂၀၀၇ ချန်ပီယံ ဂျာမနီက နိုင်ဂျီးရီးယားကို သုံးဂိုး ပြတ်အနိုင်ရပြီး ကွာတားဖိုင်နယ် သို့ ရှစ်ကြိမ်ဆက်တက်ရောက်ခဲ့ သည်။ ကမ္ဘာ့အဆင့် (၂) ဂျာမနီ သည် ဇွန်လ ၂၉ ရက်တွင် ကွာ တားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွီဒင် (သို့မဟုတ်) ကနေဒါနှင့် ကစား မည်ဖြစ်သည်။

No comments:

Post a Comment