Monday, June 24, 2019

အီသီယိုးပီးယား ကာကွယ်ရေးဦးစီးချုပ်ကို ကိုယ်ရံတော်က လုပ်ကြံသတ်ဖြတ်

အီသီယိုးပီယား ကာကွယ်ရေးဦးစီးချုပ် ဆီရေ မက်ကွန်နင်ကို သူရဲ့ ကိုယ်ရံတော်က ပစ်ခတ်လုပ်ကြံခဲ့တယ်လို့ ဝန်ကြီးချုပ် အဘီ အာမက်က အတည်ပြုပြောခဲ့ပါတယ်။ အမ်ဟာရာဒေသရှိ အစိုးရရုံးကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုကို တားဆီးချိန်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူရဲ့ အရာရှိတစ်ဦးပါ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမျိုးစုတွေကြား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အစိုးရရုံးတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ပါတယ်။



နိုင်ငံကို နှစ်ခြမ်းခွဲဖို့ ကြိုးပမ်းနေတဲ့ အစွန်းရောက်တပ်ဖွဲ့တွေကို ရင်ဆိုင်ရေး အီသီယိုးပီးယား ပြည်သူတွေ ညီညွတ်ကြဖို့ အီသီယိုးပီးယား ဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အဆုံးသတ်နိုင်ဖို့ အီသီယိုးပီးယား ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့သလို နိုင်ငံရေးပါတီတွေကို နိုင်ငံရေးလှုပ်ရှားမှု ပိတ်ပင်ထားတာကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။

No comments:

Post a Comment