Monday, June 24, 2019

ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်အေးချမ်းပြီး အဖြူရောင်နယ်မြေပြန်ဖြစ်ရန် ဒေသခံပြည်သူ ပူးပေါင်းပါဝင်ရန်လိုအပ်ဟု တပ်မတော်ဆို

 (AA)သောင်းကျန်းသူအဖွဲ့အနေဖြင့် ယခုအခါ သာသနိကအဆောက် အအုံများပါ အကာအကွယ်ယူ ဆောင်ရွက်လာသည်ကို တွေ့ရှိရ ပြီး ရခိုင်ပြည်နယ်ပြန်လည်တည် ငြိမ်အေးချမ်းပြီး ယခင်လို အဖြူ ရောင်နယ်မြေပြန်ဖြစ်ရန် ဒေသခံ ပြည်သူလူထုပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ကြောင်း တပ် မတော်သတင်းမှန်ထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောကြားခဲ့သည်။ ဇွန် ၂၂ ရက် ညနေ ၃နာရီ အချိန် နေပြည်တော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်ခဲ့သည့် တပ်မ တော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


"ဇွန် ၂၀ ရက် မွန်းလွဲပိုင်း လောက်မှာ မြောက်ဦးဝေသာလီကျေးရွာအနီးမှာ(AA)အကြမ်း ဖက်သောင်းကျန်းသူဟု ယူဆရတဲ့ မသင်္ကာဖွယ် အမျိုးသားရှစ်ယောက် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ရှိပါ တယ်။ အဲ့ဒီအဖွဲ့တွေကို မြောက်ဦး မြို့မရဲစခန်းကို ပို့ဆောင်ပြီးလိုအပ် တဲ့မေးမြန်းမှုတွေ ပြုလုပ်လျက်ရှိ ပါတယ်။ အဲ့ဒီမှာတော့ မကြား စီရွာသားတစ်ဦး၊ ပေါက်တောပြင် ရွာသားလေးဦး၊ ဘူးရွက်မလွန် ကျေးရွာသားတစ်ဦးနဲ့ အုတ်ဖိုခံ ရွာသားတစ်ဦး၊ တုံးသိန်ကျေးရွာ သား တစ်ဦးပါဝင်ပါတယ်။ ဆက် စပ်သတင်းဖော်ထုတ်တဲ့ သတင်း အရ မနေ့ကအထိ ဒီကိစ္စနဲ့ဆက် စပ်သတင်းများ ဖော်ထုတ်ပါတယ်။ ဆက်စပ်သတင်းများ ဖော်ထုတ်တဲ့ အခါမှာ ပြင်ပရရှိတဲ့သတင်းတွေ၊ ဆက်စပ်ရရှိတဲ့သတင်းတွေအရအဲဒီနေရာအနီးတစ်ဝိုက်မှာရှိတဲ့ သင်းကျစ်တောင် ဘုရားကုန်းမှာ မနေ့ကညနေ လေးနာရီလောက် မှာရှာပါတယ်။ အဲ့ဒီမှာဘုန်းကြီး ကျောင်းလည်းရှိပါတယ်။ ၀င်ရောက် ပြီးရှာပါတယ်။ ရှာဖွေတဲ့နေရာမှာ ရပ်မိရပ်ဖတွေပါပါတယ်။ တပ်က တာဝန်ရှိသူများ ပါပါတယ်။ ၀င် ရောက်ရှာဖွေတဲ့အခါမှာ သင်းကျစ် တောင်ဘုရားကုန်းမှာ သူတို့က တော့ စစ်ဘေးရှောင်ဒုက္ခသည် စခန်းဖွင့်ထားတယ်လို့ဆိုပြီး ပြော ပါတယ်။ အဲ့ဒီမှာ လုပ်သေနတ်တွေ တွေ့ခဲ့တာရှိပါတယ်။ မိုင်းနဲ့ ဆက်စပ် ပစ္စည်းများမိခဲ့ပါတယ်။ လုပ်သေ နတ်၊ ခဲယမ်း၊ အ၀တ်အထည်၊ စား သောက်ကုန်တွေ မိခဲ့တာတွေ ရှိခဲ့ ပါတယ်။

(AA)အဖွဲ့အနေနဲ့ လုပ် ဆောင်နေတာတွေ ကျွန်တော်တို့ အရင်ကရှိပါတယ်။ လတာကျေးရွာ ဖြစ်စဉ်ရှိတယ်။ ကျောက်တန်းကျေး ရွာဖြစ်စဉ်ရှိတယ်။ ရွာတွေအနီး အနားမှာ သတင်းပေါ်တယ်။ ရွာ တွေအနီးအနားမှာ တပ်တွေပစ်ပြီး ပြေးတယ်။ ရွာတွေအနီးအနားမှာ မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်တယ်။ လူသားတံတိုင်းအသွင်နဲ့ ရွာကို အကာအကွယ်ယူပြီးဆောင်ရွက် ပါတယ်။ အခုအချိန်မှာ ဘာကိုပါ အကာအကွယ်ယူလာလဲဆိုရင် သာသနိကအဆောက်အအုံတွေ ကိုပါ အကာအကွယ်ယူပြီး လှုပ် ရှားလာတာကိုတွေ့ရပါတယ်။ အခု နကပြောခဲ့တဲ့ ဘုန်းကြီးကျောင်း မှာ စစ်ဘေးရှောင်စခန်းဆိုတဲ့ဟာ နဲ့ မလျော်ညီတဲ့ လုပ်သေနတ်တွေ အီကွေးမန့်တွေ၊ စစ်ပစ္စည်းတွေ သို လှောင်ထားတာတွေ့ရပါတယ်၊။ ဒီ လိုဆောင်ရွက်ခြင်းဟာ ယခင်ယ ခင်တုန်းက လူသားတံတိုင်းရွာသူ ရွာသားတွေကို အကာအကွယ်ယူ တယ်။ ပစ်ပြေးသွားတယ်။ တပ်နဲ့ထိ တွေ့မှုဖြစ်ပွားတဲ့အခါမှာ တပ်က နေပစ်တယ်ဆိုပြီး ဦးအောင် တစ် ဖက်သတ်စွပ်စွဲတယ်။ အခုချိန်မှာ သာသနိကအဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေပါ အကာအ ကွယ်ယူလာတာတွေ့ရပါတယ်။ ဒါ ကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ် အေးချမ်းပြီး ယခင်လိုအဖြူရောင် နယ်မြေပြန်ဖြစ်ဖို့ဆိုရင် ဒေသခံပြည် သူလူထုပါဝင်ပြီး ပူးပေါင်းဆောင် ရွက်ဖို့လိုအပ်ကြောင်း ပြောကြား လိုပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment