Monday, June 24, 2019

ရာသီတုပ်ကွေးကြောင့် သုံးရက်အတွင်း လူနာတစ်ဦး ထပ်မံသေဆုံး သို့သော် ရဲမှတ်တမ်းအရ သေဆုံးသူ ရှစ်ဦးရှိလာ

သုံးရက်အတွင်း ရာသီ တုပ်ကွေး(H1N1)ကြောင့် လူနာ တစ်ဦး ထပ်မံသေဆုံးပြီးနောက် သေဆုံးသူ ခုနစ်ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ သတင်းရရှိသည်။ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ဇွန်လ ၂၀ ရက် ည တွင် ထုတ်ပြန်ထားသော အချက် အလက်များအရ ယခုနှစ်ဇန်န၀ါရီ မှ ဇွန်လအထိ အဆိုပါရောဂါပိုး တွေ့ရှိသူ ၁၆ ဦးရှိကာ ခြောက်ဦးသေဆုံးခဲ့သည်။  ဇွန်လ ၂၃ ရက် ညနေအထိ ပိုးတွေ့ရှိသူ ၁၉ ဦးနှင့် သေဆုံးသူခုနစ်ဦး ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် သုံးရက်အ တွင်း သေဆုံးသူတစ်ဦးနှင့် ပိုးတွေ့ရှိသူသုံးဦး တိုးလာသည်။



သေဆုံးသူများသည် ရန် ကုန်တိုင်းမှ ခြောက်ဦးနှင့် စစ်ကိုင်း တိုင်းမှ တစ်ဦးတို့ဖြစ်သည်။ အဆိုပါ သေဆုံးသူများသည် အသက် အရွယ်ငယ်လွန်းသူများနှင့် ကြီးလွန်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းရောဂါ စသည့် နာတာရှည်ရောဂါအခံရှိသူများဖြစ်သည်။

သို့သော် ရဲမှတ်တမ်းအရ ရာသီတုပ်ကွေးကြောင့် သေဆုံး ပြီး သင်္ဂြိုဟ်ပြီးသူစာရင်းမှာ ရှစ်ဦး ရှိနေပြီဖြစ်သည်။

‘‘ပြည်သူလူထုထဲမှာ ကျန်း မာရေးပညာ မြှင့်တင်ဖို့လုပ်ငန်း တွေ ဒီထက်ပိုပြီးလုပ်ဖို့အတွက် ကို ဆောင်ရွက်နေပါတယ်။ ဆေး ရုံတွေအပိုင်းကလည်း ဆောင် ရွက်မယ်၊ ပြင်ပဆေးခန်းတွေက လည်း ဆောင်ရွက်မယ်၊ နောက် လူမှုအဖွဲ့အစည်းတွေကလည်း ၀ိုင်းပြီး ဆောင်ရွက်ဖို့အတွက်ကို လုပ်နေပါတယ်။ ကျန်းမာရေးဌာန၀က်ဘ်ဆိုက်ရယ်၊ Myanmar CDC ပေ့ခ်ျတွေကနေပြီး ဒီရာသီ တုပ်ကွေးနဲ့ ပတ်သက်တဲ့သတင်း တွေကို အချိန်နဲ့တစ်ပြေးညီ ဖြစ် အောင်လို့ လုပ်ပေးနေပါတယ်။ အဲဒါလေးတွေကို ယုံယုံကြည် ကြည်နဲ့ လိုက်နာပြီးတော့ ဆောင် ရွက်ဖို့ ပြောချင်ပါတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ကိုယ်ခံအား ကောင်းအောင်နေကြပါ။ နောက် ပြီးတော့ ကိုယ့်အိမ်မှာရှိတဲ့ သက် ကြီးဘိုးဘွားတွေ၊ ကလေးတွေ၊ နာတာရှည်ရောဂါရှိတဲ့သူတွေကို လည်း ဂရုတစိုက်နဲ့စောင့်ရှောက် ကြပါ။ နေကောင်းအောင်နေကြ ပါလို့ ပြောချင်ပါတယ်’’ဟု ပြည် သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာ ရေးအသိပညာ မြှင့်တင်ရေးဌာန ခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဖြူ ဖြူအေးက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခု၌ တုပ်ကွေးဆန်သော ရောဂါ လက္ခဏာများဖြစ်ပွားမှု စောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ထပ်မံတိုးချဲ့ခြင်း၊ ဆေးရုံကြီးများ၊ ကျန်းမာရေး ဆေးပေးခန်းများ၊ နယ်စပ်ဝင်၊ ထွက်ဂိတ်များနှင့် ပြည်သူလူထုအတွင်း တုပ်ကွေး ဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားမှုနှင့် ပြင်းထန်အဆုတ် ရောင်ဖြစ်ပွားမှုတို့ကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဆိုသည်။ ရောဂါဖြစ်ပွားသူ လူနာနှင့် အနီးကပ်ထိတွေ့သူများကို ကူးစက်ခံရမှုမရှိစေရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ဆေးရုံများတွင် သီးခြားထားရှိကုသခန်းများ ပြင်ဆင်ထားခြင်း၊ ပြင်းထန်လူနာများအတွက် လိုအပ်ပါက အသက်ရှူစက်များဖြင့် လုံ လောက်စွာ ကုသမှုပေးနိုင်ရေး ပြင်ဆင်ထားရှိမှု လုပ်ငန်းများ ဆောင်ရွက်နေသည်။

ရာသီတုပ်ကွေးရောဂါသည် ရောဂါပိုးကူးစက်ခံရသည့် အချိန် ကစတင်၍ တစ်ရက်မှ လေးရက် အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခ ဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက်ဖျားခြင်း၊ နှာ ရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်း ခြောက်ဆိုးခြင်း၊ လည်ချောင်းနာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။ ထို့ထက်ပြင်းထန်လာ ပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာ မငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါ က နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။

‘‘ဒီဟာက သာမန်တုပ်ကွေး ရောဂါပဲဖြစ်တဲ့အတွက် ဒီရောဂါ ပိုးတွေ့တဲ့သူတွေ၊ သေဆုံးသွား တဲ့သူတွေ၊ သူတို့ရဲ့မိသားစုဝင် တွေကို ဘေးမှာရှိတဲ့အိမ်တွေက နွေးနွေးထွေးထွေး ဆက်ဆံဖို့လို တယ်။ ပစ်ပယ်ထားစရာမလိုဘူး။ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ကို ပုံမှန်အတိုင်း ပြုလုပ်လို့ရ တယ်။ သူတို့တွေက ပုံမှန်အတိုင်း ကျောင်းသွားတာတွေ၊ ရုံးသွား တာတွေ ပြုလုပ်လို့ရတယ်။ ဘာ လို့ဆို တချို့လူတွေက ဒီလူတွေ နဲ့စကားပြောရင်တောင် ကူးစက် မယ်လို့ ထင်နေတယ်။ တကယ် တော့ ခြောက်ပေအကွာထက် နီး မှသာလျှင် ကူးစက်နိုင်တာပေါ့။ ပြီးရင် သူ့နှာရည်တွေ၊ တံတွေး တွေနဲ့ ထိမှသာလျှင် ကူးစက်နိုင်တာ။ မိမိ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ အုပ်ပြီးဆိုးရင်ရတယ်။ ပြီးတော့ လက်ကို မကြာခဏဆေးပါ။ ဆေးတဲ့အခါမှာ ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးကြောဖို့လိုတယ်။ အဲဒီလိုမျိုးတွေ လုပ်ရင်ရပြီ’’ဟု ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေး ထိုး၊ ကူးစက်ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က ပြောကြားသည်။ ၂၀၁၇ က တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပိုးတွေ့ရှိသူ ၄၀၆ ဦးရှိခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၁၈ က ပိုးတွေ့ရှိသူ ၁၃ ဦးရှိပြီး သေဆုံးမှုမရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

No comments:

Post a Comment