Monday, June 24, 2019

ရှမ်းပြည်နယ်တွင် စိတ်ကြွဆေးပြား ခုနစ်သန်းကျော် သိမ်းဆည်းရမိ ယခုနှစ်အတွင်း အများဆုံးဖမ်းဆီးနိုင်သည့်ပမာဏဖြစ်

ရှမ်းပြည်နယ် မိုင်းဆက် မြို့နယ်တွင် တပ်မတော်စစ် ကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စိတ်ကြွဆေးပြား ခုနစ်သန်းကျော်အပါအ၀င် ဆက် စပ်မူးယစ်ဆေးဝါးများ ဇွန်လ ၂၁ ရက်တွင်သိမ်းဆည်းရမိသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။ေ တွ့ရှိသည့် မူးယစ်ဆေး ၀ါးပမာဏသည် ယခုနှစ်အတွင်း ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါး အမှုများအနက် ပမာဏအများ ဆုံးဖြစ်ပြီး ရှမ်းပြည်နယ်၌ တပ်မ တော်စစ်ကြောင်းဖြင့် စိတ်ကြွ ဆေးပြားသန်းနှင့်ချီသိမ်းဆည်း ရမိသည့်တတိယမြောက်အမှုဖြစ် သည်။



သို့သော် ယင်းဖြစ်စဉ်များ တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိခြင်းမရှိပေ။ လက်ရှိ ဖြစ်စဉ်၌ နေအိမ်သို့ဝင်ရောက်ရှာ ဖွေရာနေထိုင်သူကို မတွေ့ရှိဘဲ နေအိမ်မှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြားခုနစ်သန်းကျော် (၇,၃၁၅,၆၀၀)၊ စိတ် ကြွရူးသွပ် ဆေးမှုန့် ကီလို ၁၀ ၊ ဘိန်းဖြူ တစ်ကီလို၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့်အဆင့်နိမ့် ဘိန်း ကီလို ၄၀ အပါအ၀င် မူးယစ်ဆေး ၀ါးထုတ်လုပ်ရာတွင် အသုံးပြု သည့်ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိသည်ဟု ထုတ်ပြန် သည်။

ရှမ်းပြည်နယ်တွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး စစ် ဆင်ရေးဖြင့် ဆောင်ရွက်နေ ကြောင်း တပ်မတော်က ယခု လအတွင်း ပြောကြားထားသည်။ ‘ရှမ်းရိုးမ-၂’အမည်ဖြင့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံ ချက်တွင် စစ်ဆင်ရေးဆောင်ရွက် နေမှုသည် မူးယစ်ဆေးဝါးရှိ ကြောင်း သတင်းရရှိခြင်းအပါအ ၀င် ကွင်းဆင်းဖမ်းဆီးခြင်းပါပြု လုပ်နေကြောင်း တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

စစ်ဆင်ရေးစီမံချက်အတွင်း ရှမ်းပြည်နယ်ရှိ မြို့နယ် ၃၅ မြို့ နယ်ထက်မနည်းတွင် မူးယစ် ဆေးဝါးများ သိမ်းဆည်းရမိကာ ပြည်ပနိုင်ငံသားအချို့ကိုလည်း ဖမ်းဆီးနိုင်ပြီး တာချီလိတ်မြို့နယ် ၌ ဖမ်းဆီးနိုင်ခဲ့သည့်ဖြစ်စဉ်နှစ်ခုမှ စိတ်ကြွဆေးပြားခုနစ်သန်းခန့် သိမ်းဆည်းရမိထားသည်။ သိမ်းဆည်းရမိသည့် မူး ယစ်ဆေးဝါးများတွင် စိတ်ကြွ ဆေးပြား အများဆုံးဖြစ်ကြောင်း၊ ဘိန်းဖြူ၊ ကတ်သမင်း၊ ဘိန်းစိမ်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတု ဆေးပစ္စည်း အီသိုင်းအီသာ၊ ဘိန်းစိမ်းမှုန့်များ နှင့် လက်နက်အချို့ပါဝင် ကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment