Monday, June 24, 2019

ဘူးသီးတောင်မြို့နယ်တွင် ဈေးသည်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂုပ္ပီရွာရှိ ကုန်စုံ ဆိုင်ရောင်းချသူတစ်ဦး ပစ်ခတ် ခံရ၍ သေဆုံးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတို့က အတည်ပြုသည်။ ဇွန်လ ၂၃ ရက် နံနက်တွင် ဂုပ္ပီရွာမှ ဈေးသည်အမျိုးသား တစ်ဦးကို တပ်မတော်မှ ထွက် ပြေးလာသူတစ်ဦးက ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ဖုန်းဖြင့် အကြောင်းကြားလာသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းက ပြောသည်။



‘‘ပစ်တာက ကျွန်တော်တို့ ကြားတာက တပ်ကထွက်ပြေး တဲ့တစ်ယောက်ကနေ သေနတ်နဲ့ ပစ်ပြီးတော့ အဲဒီသေနတ်ကို ပစ် ချပြီး ထွက်ပြေးသွားတယ်လို့ ပြောတယ်’’ ဟု ဦးထွန်းအောင် သိန်းကဆိုသည်။

ဘူးသီးတောင်မြို့နယ် အုပ် ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ကလည်း ပစ်ခတ်မှုဖြစ်စဉ်ကို အတည်ပြုသည်။

‘‘အဲဒီကိစ္စတရားခံဖမ်းဆီး ရမိဖို့ သက်ဆိုင်ရာကတော့ လုပ်နေပါတယ်ဗျ။ တာဝန်ရှိတဲ့သူတွေ၊ နယ်ခြားစောင့်တို့ ဘာတို့ပေါ့’’ ဟု ၎င်းကဆိုသည်။

 ဘူးသီးတောင် မြို့ခံတစ်ဦးကလည်း ‘‘သူ (သေဆုံးသူ) ကရွာမှာ ဆိုင်ရောင်းတာ။ ဆိုင်ရောင်းနေတဲ့အချိန် ပစ်သွားတာလို့ပြောတယ်။ သူ့မှာ သားသမီးတွေလည်း ကျန်ခဲ့တယ်လို့ ပြောတယ်’’ ဟု ပြောသည်။ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးရုံးမှ အရာရှိတစ် ဦးက ဖြစ်စဉ်နှင့်ပတ်သက်ပြီးအ သေးစိတ်မသိရသေးကြောင်း ဖြေ ကြားသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း  ဖြစ်စဉ်နှင့် ပတ်သက်၍မသိရသေး ကြောင်း ပြောသည်။

No comments:

Post a Comment