Monday, June 24, 2019

၂၀၃၄ ကမ္ဘာ့ဖလားပွဲကို အာဆီယံဒေသတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရည်မှန်း

လာမယ့် ၂၀၃၄ မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အာဆီယံဒေသတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရည်မှန်းထားတယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ပြောပါတယ်။ အာဆီယံ ထိပ်သီးညီလာခံရဲ့ ဇူလိုင် ၂၃ ရက်နေ့ အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။ ဖြစ်နိုင်လို့ရှိရင် ၂၀၃၄ မှာ အာဆီယံဒေသတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။



၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာပါ။ ၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ မြောက်အမေရိကတိုက်က အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ်သွားမှာပါ။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက်ကိုတော့ အင်္ဂလန် အပါအဝင် အာဂျင်တီးနားနဲ့ ဥရုဂွေးက ပူးတွဲအိမ်ရှင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အာဆီယံဒေသတွင်းမှာတော့ ၂၀၃၄ မှာ ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပဖို့ မျှော်လင့်နေပါတယ်။

No comments:

Post a Comment