Monday, June 24, 2019

အိန္ဒိယတွင် နှင်းထုပြို၍ ပျောက်နေသည့် တောင်တက်သမား ၇ ဦးအလောင်း ပြန်တွေ့

အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့တွေဟာ နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး နန္ဒာဒေဗီ တောင်ခြေစခန်းနားမှာ နှင်းထုပြိုကျလို့ ပျောက်နေတဲ့ တောင်တက်သမား ၈ ယောက်ထဲက ၇ ယောက်ရဲ့ အလောင်းတွေကို ဇွန်လ ၂၃ ရက်က ပြန်ရခဲ့ပါတယ်။ အလောင်းတွေကို အနားက မြေပြင်စခန်းဆီ သယ်လာပြီး ရဟတ်ယာဉ်တွေနဲ့ ဆက်သယ်မယ်လို့ အိန္ဒိယ-တိဘက် နယ်စပ်ရဲဌာန ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။



ကျန်နေတဲ့ ပျောက်ဆုံး တောင်တက်သမားကို ဇွန် ၂၄ ရက်မှာ ဆက်ရှာမှာပါ။ မတ်စောက်တဲ့ တောင်နံရံ၊ လေတိုက်နှုန်းနဲ့ နှင်းထုတွေ ထပ်ကျလာတဲ့ အခြေအနေတွေကြောင့် ကယ်ဆယ်ရေးသမားတွေက နည်းပညာသုံးပြီး အလောင်းတွေရှိရာ နေရာကို သွားခဲ့ရတာပါ။

ဗြိတိန်နိုင်ငံသား ၄ ဦး၊ အမေရိကန် ၂ ဦး၊ သြစတြေးလျနဲ့ အိန္ဒိယက ၁ ဦးစီပါတဲ့ တောင်တက်သမားတွေဟာ မတ် ၃၁ ရက်က တောင်နားက အခြေစိုက်စခန်းကို ပြန်ရောက်မလာခဲ့ကြဘဲ ပျောက်နေတယ်လို့ သတင်းပို့ထားခဲ့ပါတယ်။

No comments:

Post a Comment