Monday, June 24, 2019

AA အဖွဲ့ဝင်ဟု မသင်္ကာသူ ၂ ဦး အပါအဝင် လူ ၁၀ ဦး ကို စစ်ဆေးမှုများပြုလုပ်နေ

ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးကို လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၂ ရက် မနက်ပိုင်းက မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအနီးမှာ AA အဖွဲ့က ရီမုမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ မိုင်းခွဲခဲ့တဲ့နေရာတစ်ဝိုက်ကို တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးလာသူ ၂ ယောက်ကို တွေ့ရှိပြီး စစ်ဆေးခဲ့ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့လို့ သိရပါတယ်။



ဒါပေမယ့် အဲဒီလူ ၂ ယောက်ကို ဝေသာလီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ မိုင်းဖောက်ခွဲခဲ့သူတွေ ဖြစ်တယ်ဆိုတာ ပေါ်ပေါက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါအပြင် စီးနှင်လာတဲ့ ဆိုင်ကယ်တူးဘောက်အတွင်းကလည်း ကျေးရွာတွေက ဆက်ကြေး ကောက်ခံထားတဲ့မှတ်တမ်းစာအုပ် ၁ အုပ်၊ AA အဖွဲ့နဲ့ Video Call ပြောနေတာကို ရိုက်ကူးတဲ့ Screen Shots ဓာတ်ပုံပါ ဖုန်း ၁ လုံးကိုလည်း တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ဖမ်းဆီးရမိသူ ၂ ယောက်နဲ့ ဇွန် ၂၀ ရက်က ဖမ်းဆီးရမိသူ ၈ယောက် စုစုပေါင်း ၁၀ ယောက်တို့ကို ကျောက်တော်မြို့နယ်၊ မြို့မရဲစခန်းကို လွှဲပြောင်းပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

No comments:

Post a Comment