Monday, June 24, 2019

ရေနံချောင်းမြို့တွင် Food Box လှူဒါန်းမှုစတင်

Image may contain: shoesမကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်၊ ဗိုလ်ချုပ်လမ်းမတော်တွင် ယနေ့(ဇွန်လ ၂၄ ရက်)က တစ်ဦးလျှင် မုန့် ၁ ခု၊ အချိုရည် ၁ ဘူးသုံးဆောင်နိုင်သော Food Box ထားရှိလှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့ မနက် ၇ နာရီမှစတင်လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ Food Box ဖြင့်လှူဒါန်းခြင်းအစီအစဉ်တွင် ရေနံချောင်းမြို့နေထိုင်သူ ဦးကြည်သိန်းက နေ့စဉ်ငွေကျပ် ၂ သောင်းဖိုးမတည်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။ “ ဒီနေ့(ဇွန်လ ၂၄ ရက်) နံနက်စာအတွက်က ၃ သောင်းခွဲဖိုးလှူဒါန်းထားတာပါ။ နေ့လည်ဘက် ၁ သောင်းခွဲဖိုး ဆက်လက်လှူဒါန်းပေမယ်လို့ရည်စူးထားတယ်။ အခြားပါဝင်လှူဒါန်းမှူတွေနဲ့ဖြည့်သွင်းလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ဦးကြည်သိန်းက ပြောသည်။ ရေနံချောင်းမြို့မှ အဆိုပါ Food Box တွင် "လှူချင်လှူပါ ယူချင်ယူပါ"ဟု စာတန်းပါရှိလျှက် လူတစ်ဦးလျှင် မုန့် ၁ ထုပ်၊ အချိုရည် ၁ ဘူးနှုန်းသုံးဆောင်နိုင်ကြောင်း စာကပ်အသိပေးထားသည်။

No comments:

Post a Comment