Monday, June 24, 2019

တိုင်းဒေသကြီးနှင့်ပြည်နယ်လေးခုတွင် ဘာသာကိုးကွယ်ယုံကြည်မှုဆိုင်ရာ မြှင့်တင်ရေးစီမံကိန်းကို လေးနှစ်ကြာဆောင်ရွက်မည်ဟုဆို

 တိုင်းဒေသကြီး နှင့် ပြည်နယ် စုစုပေါင်းလေးခု တွင်ဘာသာကိုးကွယ်ယုံကြည်မှုဆိုင်ရာမြှင့်တင်ရေး စီမံကိန်းကို လေးနှစ်ကြာ ဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ YMCA မှ သိရသည်။ ယင်းစီမံကိန်းကို ချင်းပြည် နယ်၊ ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် ယခုဇွန်လကုန်မှစ၍ လေးနှစ်ကြာဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ YMCA ၏ အထွေထွေအတွင်းရေးမှူး ဦး မောင်မောင်ဝင်းက ပြောသည်။

ဇွန် ၂၃ ရက်က ရန်ကုန်မြို့ရှိSummit Park View ဟိုတယ်တွင် ပြုလုပ်သည့်မြန်မာနိုင်ငံYMCA၊ Habitat for Humanity Mya-nmarနှင့်Building Resiliency of sea-farers in Myanmar စီမံကိန်းက ကျင်းပသောINTERNATI-ONAL DAY OF SEAFARES အခမ်းအနားအပြီးတွင် ဦး မောင်မောင်ဝင်းက ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

""အဲဒီလေးနေရာကို ရွေးရ တာက ဘာသာရေးအရတော် တော်လေးခိုင်ခိုင်မာမာရှိတဲ့နေရာ တွေကိုစဉ်းစားရတာ တစ်ပိုင်း ပါသလို တစ်ဖက်ကလည်းဘာသာ ရေးပဋိပက္ခလေးတွေနည်းနည်း ရှိခဲ့တဲ့နေရာဖြစ်လို့ ပိုငြိမ်းချမ်းစေ ချင်တဲ့အတွက် နားလည်မှုရယူချင် တဲ့အတွက်ကြောင့်ဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

ယင်းစီမံကိန်းကို ကိုးကွယ်ယုံ ကြည်ရာဘာသာတစ်ခုနှင့်တစ်ခု အကြား အပြန်အလှန်လေးစားမှုရှိ ပြီး အပြန်အလှန်အသိအမှတ်ပြုကာ အတူတကွလက်တွဲပူးပေါင်း၍ ငြိမ်း ချမ်းသော လူ့ဘောင်အဖွဲ့အစည်းဖြစ် လာစေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment