Monday, June 24, 2019

တနိုင်းတွင် လက်လုပ်လက်စားများ ပယင်းတူးဖော်ရန် မြေဧက ၇,၀၀၀ ခန့်ပထမအကြိမ်ချထားပေး

တနိုင်းဒေသတွင် ပ ယင်းတူးဖော်ရန် မြေဧက ၇,၀၀၀ ခန့်ကို လက်လုပ်လက်စားများသို့  ပထမအကြိမ်ချထားပေးမည်ဖြစ် ကြောင်း ကချင်ပြည်နယ်  သတ္တု တွင်း ဦးစီးဌာနက ဇွန်လ ၂၃ ရက်၌  ထုတ်ပြန်ကြေညာသည်။ ထိုလုပ်ကွက်များသည် ပြည် နယ်အစိုးရ၏ ပထမဦးဆုံးကိုင် တွယ်ခွင့်ပြုရခြင်းဖြစ်သည်ဟု က ချင်ပြည်နယ် သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးဒါရှီလဆိုင်းကပြော သည်။



‘‘အရင်တုန်းက အကြီးစား တွေတော့ ပေးတာရှိပါတယ်။  ပြည်နယ်အစိုးရက ပယင်းကိုပထ မဦးဆုံးကိုင်တွယ်ခွင့်ပြုတာ။ တ ခြားသတ္တုတွေလည်းခွင့်ပြုဖို့ရှိပါ သေးတယ်။ ကချင်ပြည်နယ်မှာ ရှိတဲ့ထုတ်လုပ်လို့ရတဲ့ သတ္တုတိုင်း ကို သူ့နည်းနဲ့သူထုတ်မှာပါ’’ ဟု ပြည်နယ်ဝန်ကြီးကပြောသည်။

ယခုခွင့်ပြုမည့် နေရာများသည် တနိုင်းဒေသရှိ နွယ်ဂျီဘွမ်မှော်နှင့်နန်မဖြူထန်ပရားမှော်တို့ပါဝင်မည့် ဧရိယာဖြစ်သည်ဟုဆိုသည်။   ထို့အပြင် ဌာနကလည်း လုပ်ကိုင်ခွင့်ချပေးမည့် ဧရိယာ မြေပုံပါ ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်သည် ပြည်ထောင်စုဝန်ကြီးဌာန ညွှန် ကြားချက်အရ ထုတ်ပြန်ခြင်းဖြစ်  သည်ဟု တနိုင်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်ဦး ဇော်ဝင်းကပြောသည်။

ပယင်းသည် ကျောက်မျက် ရတနာအမျိုးအစားတွင် ပါဝင်၍ အလတ်စားလုပ်ကွက်များကို ကျောက်မျက်ဥပဒေအရကိုင် တွယ်ပြီးလက်လုပ်လက်စားများ အတွက် ပြည်နယ်က ကိုင်တွယ် ရခြင်းဖြစ်သည်။ ထိုသို့ကိုင်တွယ်  ရန် ပြည်နယ်တွင် ဥပဒေပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

‘‘ရွှေလုပ်ကွက်တွေလိုပဲဇုန် တွေသတ်မှတ်လိုက်တာ။ အခု တော့ ဒီဧရိယာထဲမှာ လျှောက် ထားသူလည်းမရှိဘူး။ ချထားပေး တာလည်းမရှိဘူး’’ ဟု ဦးဇော်ဝင်း ကပြောသည်။

ယခုလို သတ်မှတ်ခြင်း ကြောင့် ယခင်စည်းကမ်းမဲ့တူး ဖော်ခြင်းထက်သဘာဝပတ်ဝန်း  ကျင်ထိခိုက်မှုကို သက်သာစေ မည်ဟု ၎င်းကဆက်လက်ပြော သည်။  ထို့အပြင် ဖားကန့်၊ လုံးခင်း  ရတနာနယ်မြေတွင် မြေဧက ၃၇,၀၀၀ ကျော်၊ ဆယ်စင်းဒေသ အတွင်း မြေဧက ၂,၆၀၀၊ ရှဒူးဇွပ် ဒေသအတွင်း မြေဧက ၁၃,၀၀၀ တို့ကိုလည်း ရွှေသတ္တုတွင်းဖော် ရန် အသေးစားနှင့် လက်လုပ် လက်စားလုပ်ကွက်များအဖြစ် ချပေးမည်ဟု ပြည်နယ်အစိုးရက ကြေညာထားသည်။

No comments:

Post a Comment