Monday, June 24, 2019

မြန်မာနိုင်ငံသားများအရေး လက်ခံဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည်မှာကြား

ထိုင်းနိုင်ငံတွင် ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများ နှင့် မြန်မာလုပ်သားများ၏အရေး ကို လက်ခံဆောင်ရွက်ပေးရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး မိသားစုများနှင့် တွေ့ဆုံစဉ် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။ေ ဒ်ါအောင်ဆန်းစုကြည် သည် ဘန်ကောက်မြို့တွင် နှစ် ရက်ကြာ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးပွဲ တက်ရောက်အပြီး၌ မြန်မာသံရုံး မိသားစုများနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း မှာကြားခြင်းဖြစ်ကြောင်း အလုပ် သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။



‘‘ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာ နိုင်ငံသားမှန်ရင် ဘာကိစ္စပဲဖြစ် ဖြစ် သံရုံးအနေနဲ့ လက်ခံဆက် သွယ်ပေးဖို့နဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ရင် အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ညွှန်ကြားသွား ပါတယ်။ အဓိကက မြန်မာလုပ်သားတွေအရေး အဆင်ပြေ အောင်လုပ်ပေးဖို့ ပြောတာပေါ့’’ ဟု ဦးစန်းမောင်ဦးက ပြောသည်။

 အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံး မိသားစုဝင်များနှင့် တွေ့ဆုံပြီး ညနေတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

ဇွန်လ ၂၂ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း နိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာတို့ သီးသန့်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံအပြီးတွင် ထိုင်းဝန်ကြီးချုပ်က ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ပုံနှင့်အတူ ‘‘ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အကြောင်းက တော့ အလုပ်သမားအရေးကိစ္စ နှင့် စစ်ဘေးဒုက္ခသည်များအရေး ကိစ္စများကို အတူပူးပေါင်းဆောင် ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ပိုမိုချောမွေ့လွယ်ကူပြီး ပြဿနာ အခက်အခဲမျိုးစုံကို ပူးပေါင်းလက်တွဲအဖြေရှာခြင်းနဲ့ အောင်မြင်မှု၊ ယုံကြည်မှု ပန်းတိုင်ကို ရရှိလာမှာ ဖြစ်ပါတယ်’’ဟု ထိုင်းဘာသာဖြင့် ရေးသားထားသည့်စာကို တင် ထားသည်။ ထိုင်းနိုင်ငံ၌ တရားဝင်နေ ထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား နှစ်သန်းကျော်ရှိ ပြီး တရားမဝင်နေထိုင်အလုပ်လုပ် ကိုင်နေသူများပါ ရေတွက်ပါက စုစုပေါင်း မြန်မာလုပ်သား သုံး သန်းကျော်ရှိကြောင်း ထိုင်း ရောက် မြန်မာအဖွဲ့အစည်းများ က ခန့်မှန်းသည်။

No comments:

Post a Comment