Monday, June 24, 2019

နေပြည်တော်လွှတ်တော် အစည်းအဝေးများ ဇူလိုင် ၁၅ ရက် ပြန်လည်စတင်မည် ရက်ပိုင်းအတွင်း ခြေဥ အစီရင်ခံစာ တင်သွင်းရန်ရှိ

နေပြည်တော်လွှတ် တော် အစည်းအဝေးများကို ဇူ လိုင် ၁၅ ရက်တွင် ပြန်လည်စ တင်ကျင်းပမည်ဖြစ်ပြီး အစည်း အဝေး ပြန်လည်စတင်သည့်ရက် ပိုင်းအတွင်း အခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီ၏ အ စီရင်ခံစာကို ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းရန်ရှိသည်။ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည် သူ့လွှတ်တော် အစည်းအဝေးများ ကို ဇူလိုင် ၁၅ ရက်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သက် ဆိုင်ရာ လွှတ်တော် အသီးသီးက ယမန်နေ့၌ ထုတ်ပြန်သည်။



ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီ၏ အ စီရင်ခံစာကို ဇူလိုင် ၁၇ ရက်မတိုင်မီ တင်သွင်းရမည်ဟုသတ် မှတ်ထားသည်။ ထို့ကြောင့်ဇူလိုင် ၁၅ ရက် (သို့မဟုတ်) ၁၇ရက်တွင် ကော်မတီ၏ အစီရင်ခံစာ တင် သွင်းမည်ဟု ယင်းကော်မတီအ တွင်းရေးမှူး ဒေါက်တာမြတ်ဉာ ဏစိုးကပြောသည်။ ဇူလိုင် ၁၆ ရက်သည် ၀ါဆိုလပြည့်နေ့ဖြစ်၍ လွှတ်တော်ပိတ်ရက်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် က ထုတ်ပြန်ထားသည့် ၂၀၁၉ တစ်နှစ်တာ လွှတ်တော်အစည်း အဝေး လျာထားချက်အရ လာ မည့် လွှတ်တော်အစည်းအဝေး ကာလသည် သုံးလခန့်ကြာမြင့် ဖွယ်ရှိပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ကိုဆွေး နွေးအတည်ပြုရန် ရှိနေသည်။ ထို့အပြင် လတ်တလော ဝေ ဖန်မှုရှိနေသည့် ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို  သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ခြင်းမရှိသေး၍  လာမည့်လွှတ် တော် အစည်းအဝေးကာလတွင် သမ္မတ၏ သဘောထားမှတ်ချက် များ ထပ်မံဆွေးနွေးရဖွယ်ရှိသည်။

No comments:

Post a Comment