Monday, June 24, 2019

မြန်မာ့မီးရထားက Air Con ရထားသစ်များပြေးဆွဲတော့မည်၊ လက်မှတ်ဈေးနှုန်းလည်း မြင့်တက်နိုင်

ရန်ကုန် မြို့ပတ်နှင့် ရန်ကုန်-မန္တလေးခရီးစဉ်များတွင် Air-conတွဲဆိုင်းသစ်များ အစားထိုးပြေးဆွဲမည်ဖြစ်သောကြောင့် လက်မှတ်ခဈေးနှုန်းများ တိုးမြှင့် ကောက်ခံနိုင်ဖွယ်ရှိကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူထံမှ သိရသည်။ ''အခုလက်ရှိရထားတွေမှာair con မပါပါဘူး။ နောင်ပြေးဆွဲမယ့်ရထားတွေမှာ air con တွေပါလာရင်တော့ air con service အတွက် ကောက်ရမယ့်သဘောရှိတယ်။ အဲဒီအခါကျရင်တော့ လက်မှတ်ခဈေးနှုန်းတွေ တိုးမြှင့်ကောက် ခံသွားမှာပါ။ ဘယ်အချိန်ကောက်မယ်ဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ လက်တွေ့ပြေးဆွဲတဲ့အခါကျရင် ဆွေးနွေးညှိုနှိုင်းပြီးမှကောက်မှာပါ''ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ ဆောင်ရေး) ဦးကျော်ကျော်မျိုးကပြောသည်။



ရန်ကုန် မန္တလေး မီးရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ၂ ဒသမ ၄ဘီလီယံ အကူအညီဖြင့် လုပ်ဆောင်နေခြင်းဖြစ်ရာ မိုင်အရှည် ၁၆၆ မိုင်ရှိသည့် ရန်ကုန် တောင်ငူမီးရထားလမ်းပိုင်းအား အဆင့် ၁ အပိုင်းထားရှိပြီး ၂၀၁၈ ခုနစ်အောက်တိုဘာလမှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ နဲ့ယှဉ်ပြိုင်နေတဲ့အဖွဲ့အစည်းတွေရဲ့service ကိုလည်းကြည့် ရဦးမယ် သူတို့ ရဲ့အရည်အသွေးနဲ့ဝန်ဆောင်မှုကိုလည်းကြည့် ရမယ်'' ဟု ဦးကျော်ကျော်မျိုးကပြောသည်။

ယင်းရထားသံလမ်းစီမံကိန်း ပြီးစီးပါက ရထားသံလမ်းအသစ်နှင့် လအေးပေးစက်များ တပ်ဆင်ထားသော အဆင့်မြင့် တွဲဆိုင်းများဖြင့် ရန်ကုန် ပဲခုးခရီးစဉ်ကို တစ်နာရီအကြာမောင်းနှင်ပြီး ပဲခုးမန္တလေးခရီးစဉ်ကို ၇ နာရီကြာသာ မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment