Monday, June 24, 2019

သိမ်ဖြူ ၁၀၁ လမ်းနှင့်ပန်းဘဲတန်းမြို့နယ်ရှိ ၃၁လမ်း(အောက်ဘလောက်)ကို နောက်ဖေးလမ်းကြားဥယျာဉ်များ ဖော်ဆောင်မည်

 ယခုနှစ်ကုန် ပိုင်းတွင် မင်္ဂလာတောင်ညွှန့်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် အမှိုက် ကင်းစင်နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖော်ဆောင်မည် ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှသိရ သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ် ရှိ သိမ်ဖြူ ၁၀၁ လမ်းနှင့် ပန်းဘဲ တန်းမြို့နယ်ရှိ ၃၁လမ်း(အောက် ဘလောက်)တို့တွင် နောက်ဖေး လမ်းကြားဥယျာဉ်များဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ထို့နောက်ဖေးလမ်းကြားနှစ် ခုအား အမှိုက်ကင်းစင်နောက်ဖေး လမ်းကြားဥယျာဉ်အဖြစ် ဖော်ဆောင် မည့်ဒီဇိုင်း၊ လမ်းကြားတွင် ထည့် သွင်းမည့် အားကစားကိရိယာများ အနေအထားစသည် အသေးစိတ် အခြေအနေများကို ဆွေးနွေးနေ ဆဲဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှပြန် ကြားရေးတာဝန်ခံ မအေးမြတ်သူ ကပြောသည်။


""ရန်ကုန်မြို့ပြပိုမိုလှပသန့် ရှင်းဖို့အတွက် နောက်ဖေးလမ်း ကြားဥယျာဉ်တွေကိုဖော်ဆောင် ပေးနေတာဖြစ်ပါတယ်။ ခုနောက် ဖေးလမ်းကြားရှစ်ခုကိုဖော်ဆောင် ပြီးပြီ။ ခုဒီနှစ်ကုန်ပိုင်းမှာထပ်ဖော် ဆောင်မှာက သိမ်ဖြူ ၁၀၁ လမ်း နဲ့ ၃၁ လမ်းတို့ဖြစ်ပါတယ်""ဟု ၄င်း ကပြောသည်။

၃၁ လမ်း(အောက်ဘလောက်) နောက်ဖေးလမ်းကြားရှိ အမှိုက် များကို ရန်ကုန်စည်ပင်မှ ရှင်းလင်း ပေးနေရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ရန်ကုန်မြို့တွင်း၌ ဖော်ဆောင် ထားပြီးသား နောက်ဖေးလမ်းကြား ဥယျာဉ်များသန့်ရှင်းရေးအတွက် သန့်ရှင်းရေးကမ်ပိန်းများကို ယခု လကုန်မှစတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းတွင် ဒို့အိမ် အဖွဲ့၊ လမ်းသူလမ်းသားများ၊ပရ ဟိတအဖွဲ့များပူးပေါင်းကာ အမှိုက် သန့်ရှင်းရေးလုပ်ငန်းများဆောင် ရွက်မည်ဖြစ်ကြောင်းသိရသည်။အမှိုက်ကင်းစင်နောက်ဖေး လမ်းကြားဥယျာဉ်တစ်ခုဖော်ဆောင် ရန်ဒို့အိမ်အဖွဲ့မှ ကုန်ကျစရိတ်အ ဖြစ်ကျပ်သိန်း ၁၅၀ သုံးစွဲရန် လျာ ထားကြောင်းသိရသည်။ဒို့အိမ်အဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ်ကစ၍ ရန်ကုန်မြို့တွင်းရှိ နောက်ဖေးလမ်းကြားများကို အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ကမ်းသာ လမ်းနှင့် ၃၉ လမ်းကြား(အလယ်ဘ လောက်)၊ ၃၁ လမ်းနှင့် ၃၂ လမ်း ကြား(အလယ်ဘလောက်)၊ဗိုလ် ဆွန်ပက်လမ်းနှင့် ၃၁ လမ်းကြား (အလယ်ဘလောက်)၊ရွှေဘုံသာ လမ်းနှင့် ၂၉ လမ်းကြား(အပေါ်ဘ လောက်)၊မဟာဗန္ဓုလပန်းခြံနှင့် ၃၅ လမ်းကြား(အပေါ်ဘလောက်) ၊ ၄၁ လမ်းနှင့် ၄၂ လမ်း(အပေါ် ဘလောက်)၊၂၇ လမ်းနှင့်၂၈ လမ်း ကြား(အလယ်ဘလောက်)နှင့် လမ်း ၃၀ နှင့်ဗိုလ်ဆွန်ပက်လမ်း ကြား(အပေါ်ဘလောက်)တို့ကို အမှိုက်ကင်းစင်နောက်ဖေးလမ်း ကြားဥယျာဉ်အဖြစ် ဖော်ဆောင်ပေး ထားကြောင်း သိရသည်။

No comments:

Post a Comment