Monday, June 24, 2019

G-20 ထိပ်သီးညီလာခံတွင် ဟောင်ကောင်အရေး ဆွေးနွေးခွင့်ပြုမည်မဟုတ်ဟု တရုတ်ပြော

တရုတ်အစိုးရဟာ ဟောင်ကောင်အရေးကို ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံ G-20 မှာ ထည့်သွင်းဆွေးနွေးခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကျန်းကျွင်းက ဇွန်လ ၂၄ ရက်မှာ ပြောပါတယ်။ တရုတ်မြို့တော် ဘေကျင်းက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောလိုက်တာပါ။ေ ဟာင်ကောင်အရေးဟာ တရုတ်အတွက် ပြည်တွင်းရေးသက်သက်ဖြစ်ပြီး ဘယ် နိုင်ငံခြားတိုင်းပြည်မှာမှ စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူးလို့ ကျန်းက ပြောပါတယ်။



G-20 ဟာ နိုင်ငံတကာ စီးပွားရေးထိပ်သီးညီလာခံပါ။ ဒါကြောင့် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးတို့လို နယ်ပယ်တွေထဲမှာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့၊ အကြီးစား စီးပွားရေး မူဝါဒတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ညှိနှိုင်းကြဖို့ အာရုံစိုက်ထားပါတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်တဲ့ တရုတ်ပြည်မကြီးက တရားရုံးတွေမှာ တရားရင်ဆိုင်ဖို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးဆီ လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး ဟောင်ကောင်ရဲ့ လမ်းတွေပေါ်မှာ ဒီလထဲ လူသန်းချီ ဆန္ဒပြခဲ့တာပါ။

G-20 ညီလာခံထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ချိန် ဟောင်ကောင်အရေးကို ဆွေးနွေးလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီလအစောပိုင်းမှာ ဟောကိန်းထုတ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေး တင်းမာမှု မြင့်နေချိန် ဂျပန်အနောက်ဘက် ကမ်းရိုးတန်း အိုဆာကာမြို့မှာ G-20 ထိပ်သီးညီလာခံ ကျင်းပမှာဖြစ်ပါတယ်။

No comments:

Post a Comment