Monday, June 24, 2019

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သို့ ဒုတိယအကြိမ် တင်သွင်းသည့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ အသုံးပြုမည့် အလံ၊လိုဂိုနှင့်ပတ်သက်၍ ဇွန်လ ၂၄ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောသည်။ မင်းကွန်းခေါင်းလောင်းကြီး နှင့် ရတနာပုံ တံတားပုံ ရေးဆွဲ ထားသော စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ အလံနှင့် လိုဂိုကို ဇွန်လ ၂၀ ရက်တွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်အစည်းအဝေး၌ အစိုးရအဖွဲ့ကိုယ်စား ဒေါက်တာဇော်ဝင်းက တင်သွင်းခဲ့သည်။



 စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အလံနှင့် လိုဂို၌ ရန်များကို အောင်နိုင်ခြင်း ကိုယ် စားပြုသည့် အောက်ခံအနီရောင်၊ သာသနာထွန်းကားခြင်း၊ ပျော်ရွှင်ခြင်း၊ တက်ကြွခြင်းနှင့် ကြွယ်ဝ ခြင်းကို ကိုယ်စားပြုသည့် အဝါ ရောင်နှင့် ငြိမ်းချမ်းခြင်း၊ တရား မျှတခြင်း၊ ဆန်းသစ်တီထွင်ခြင်း နှင့် လုံခြုံမှုရှိခြင်းကို ကိုယ်စားပြု သော အစိမ်းရောင်တို့ အသုံးပြု ထားသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်းကြီးနှင့် ရတနာပုံတံတား၊ ဆန်စပါးထွက်ရှိရာ တိုင်းဒေသကြီးဖြစ်၍ စပါးနှံပုံ ထည့်သွင်းထားပြီး စစ်ကိုင်းတိုင်း အတွင်း ခရိုင် ၁၁ ခုကို ကိုယ်စား ပြုသည့် ကြယ်ဖြူ ၁၁ ခုက ဝန်းရံ ထားကြောင်း ဒေါက်တာဇော်ဝင်း က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး အ စိုးရအဖွဲ့ အလံနှင့်လိုဂိုသည် ပါတီတစ်ခု၏ အမှတ်တံဆိပ်နှင့် ဆင်တူနေသဖြင့် ပြောင်းလဲရန် တိုက်တွန်းကြောင်းအဆိုကို ၂၀၁၈ ဇွန်လ ၁၁ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်သို့တင်သွင်းခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့် ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမှုပိုများ၍ ပြောင်းလဲ ရန်အဆို အောင်မြင်ခဲ့သည်။

No comments:

Post a Comment