Monday, June 24, 2019

ကြားလူဝင်ကာ တရားစွဲမရတော့သည့်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်၍ ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်ခံရသူမရှိ အမှုပေါင်း ၂၀၀ ဖြင့် လူ ၂၄၆ ဦး တရားစွဲခံနေရဟု အသံအဖွဲ့၏ အစီရင်ခံစာဖော်ပြ

ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုမှုများသည် ဇွန်လ ၂၃ ရက်အထိ အမှု ၂၀၀ အထိရှိပြီး ၂၄၆ ဦး တရားစွဲဆိုခံရ ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အဖွဲ့) က ယမန်နေ့တွင် ထုတ်ပြန် သည်။ တရားစွဲဆိုလေ့ရှိသူများ သည် အစိုးရ၊ တပ်မတော်၊ လွှတ် တော်ကိုယ်စားလှယ်များ၊ စီးပွား ရေးသမားများဖြစ်ပြီး တရားစွဲဆို ခံရသူ အများစုသည် သာမန်ပြည် သူများ၊ မီဒီယာ၊ တက်ကြွလှုပ်ရှား သူများ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ စသည်တို့ ဖြစ်သည်ဟု အသံအဖွဲ့က ဆို သည်။



အသံအဖွဲ့ ထုတ်ပြန်ချက် တွင် အစိုးရကို ဝေဖန်သော ကြောင့် အမှုဖွင့်ခံထားရသူ ၆၀ဦးရှိပြီး တပ်မတော်က တရားစွဲဆိုမှု ၂၁ မှုရှိကာ ၃၇ ဦး တရားစွဲဆိုခံ ထားရသည်ဟုပါရှိသည်။

‘‘တစ်ခုထူးခြားတာက ဆက် သွယ်ရေးဥပဒေ ပြင်ဆင်ပြီး နောက်ပိုင်းမှာ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်လို့ဆို ပြီး ဖွင့်တဲ့အမှုကို မတွေ့ရဘူး။ ကြားလူက စွဲလို့မရအောင်ပိတ် လိုက်တာဖြစ်တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လက်မှတ်ထိုးပေးမှ အမှုတည် ဆောက်ရမှာမို့ အမှုကတရားစွဲ ဆိုမှုမရှိတော့ဘူး။ တပ်မတော်ကို ဝေဖန်လို့၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို ဝေဖန်လို့ဆိုပြီး အမှုတွေ တရားစွဲဆိုနေတာတော့  ဆက်လက်ဖြစ်ထွန်းနေတာကို  တွေ့ရတယ်’’ ဟု အသံအဖွဲ့မှ မောင်ဆောင်းခကပြောသည်။

၂၀၁၃ က အဆိုပါ ဥပဒေ စတင်ပြဋ္ဌာန်းချိန်ကစ၍ ကိုယ် စားတရားစွဲခွင့်ကို ဥပဒေပြင်ဆင် ချက်ဖြင့် မပိတ်မီ ၂၀၁၇ သြဂုတ် အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သဖြင့် ကြားလူက တရားစွဲ မှု ၁၀ မှု ရှိသည်ဟု  အသံအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရမှု အမြင့်ဆုံးဒေသ သည် ရန်ကုန်တိုင်းဒေသကြီးဖြစ် ပြီး တရားစွဲဆိုထားမှု ၈၃မှုရှိခဲ့ကာပဲခူးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးက ၂၇ မှုဖြင့် ဒုတိ ယလိုက်ပြီး ဧရာဝတီတိုင်းဒေသ ကြီးက ၁၃ မှုဖြင့် တတိယဖြစ် သည်ဟု အသံအဖွဲ့က ထုတ်ပြန် သည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောခွင့်စံနှုန်းများ၊ နိုင်ငံတကာစံ နှုန်းများနှင့် လျော်ညီသည့်ဆိုက် ဘာ ဥပဒေတစ်ခု အမြန်ဆုံးပေါ် ပေါက်လာရန် ပညာရှင်များ၊ အ ရပ်ဘက် အဖွဲ့အစည်းများ၏ အ ကြံပြုချက်များရယူကာ လွှတ် တော်က ဖော်ဆောင်သင့်ကြောင်း  အသံအဖွဲ့က ဆိုသည်။ ထို့အပြင် အာဏာပိုင်များ က မိမိတို့အပေါ် ဝေဖန်ပြောကြား မှုများနှင့်စပ်လျဉ်း၍ ပြည်သူများ အပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုများ အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးသင့် ကြောင်း အသံအဖွဲ့ကအကြံပြု သည်။

No comments:

Post a Comment