Monday, June 24, 2019

ဝန်ကြီးဌာနသစ်ဖွဲ့မည့်ကိစ္စ ပြည်နယ်၊ တိုင်း လွှတ်တော်များသို့ သမ္မတသဝဏ်လွှာပို့ထား

တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်း ရန် ယနေ့ ကျင်းပမည့် ပြည်နယ်၊ တိုင်း လွှတ်တော်များသို့ နိုင်ငံ တော်သမ္မတက သဝဏ်လွှာပေးပို့ ထားသည်။ အဆိုပါ ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ် သက်၍ ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် ကရင်၊ ရခိုင်၊ ချင်း၊ မွန်၊ တနင်္သာရီ လွှတ်တော်တို့တွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးတင်ပြမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်တာဝန် ရှိသူများက ပြောသည်။



‘‘သမ္မတရုံးက သဝဏ်လွှာ ပို့ထားတာရှိတယ်။ အဲဒါကို မနက်ဖြန် လွှတ်တော်မှာ အဲဒီကိစ္စအသိ ပေးမယ်’’ဟု ရခိုင်ပြည်နယ် လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ဇွန်လ ၂၃ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။

ထို့အပြင် ချင်း၊ ကရင်၊ မွန် ပြည်နယ်နှင့် စစ်ကိုင်း၊ တနင်္သာရီ တိုင်း လွှတ်တော်အစည်းအဝေး လျာထားချက်များတွင်လည်း ဝန်ကြီးဌာနသစ်ဖွဲ့မည့်ကိစ္စ အသိ ပေးရန် ဖော်ပြထားသည်။

‘‘ဝန်ကြီးဌာနအသစ်ကို ဖွဲ့ စည်းဖို့ဆိုပြီးတော့ တနင်္လာနေ့ လွှတ်တော် အာဂျင်တာမှာပါ တယ်။ အသေးစိတ်တော့ မသိရ သေးဘူး’’ဟု စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ် ထောင်ထန်းက ပြောသည်။

ထိုကိစ္စအပေါ် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း လွှတ်တော်များ ၏ အတည်ပြုချက်ရယူရမည်ဖြစ် ပြီး အတည်ပြုချက်ရသည့်အခါ ထိုဌာနတွင် တာဝန်ထမ်းဆောင် မည့် ဝန်ကြီးအမည်စာရင်းကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဝန် ကြီးချုပ်များက တင်သွင်းမည်ဖြစ် သည်။

ဝန်ကြီးချုပ်က တင်သွင်းလာ သည့် ဝန်ကြီးအမည်စာရင်းအ ပေါ်လည်း လွှတ်တော်၏ အတည် ပြုချက်ရယူရဦးမည်ဖြစ်သည်။

ကျန်တိုင်းနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း ထိုဝန်ကြီး ဌာနဖွဲ့စည်းမည့်ကိစ္စကို အသိ ပေး၊ အတည်ပြုနိုင်ရန် လွှတ်တော်အရေးပေါ် အစည်းအဝေးများ ခေါ်ယူထားသည်။

ကချင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးကို လည်း ဇွန်လ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးချင်ပြီး လုပ်ငန်း အဆင်မပြေ၍ ရွှေ့ပြောင်းကြသူ များ မဲပေးရာတွင် အဆင်ပြေစေ ရန် ထိုဝန်ကြီးဌာနအသစ်ကို ရည် ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (၂) ဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ပြောသည်။ ထိုဝန်ကြီးဌာနဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်က မန္တလေးတိုင်း လွှတ်တော် တွင် အသိပေးတင်ပြပြီး လွှတ် တော်က အတည်ပြုခဲ့သည်။

No comments:

Post a Comment