Monday, June 24, 2019

ရခိုင်နှင့်ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် သုံးစွဲခွင့် ယာယီပိတ်ပင်

 ရခိုင်နှင့်ချင်း ပြည်နယ်ရှိမြို့နယ်အချို့တွင် အင် တာနက် သုံးစွဲခွင့်ကိုယာယီပိတ် လိုက်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။ ''အဓိကကတော့တိုက်ပွဲတွေ နဲ့ မတည်မငြိမ်ဖြစ်နေတဲ့နေရာ တွေပါတယ်။ တရားဥပဒေစိုးမိုး ရေးနဲ့ အများပြည်သူလုံခြုံရေး အဲဒီနှစ်ခုကို ရည်ရွယ်ပြီးလုပ်တာ။ အော်ပရေတာလေးခုစလုံး ဆီကို ဝန်ကြီးဌာနက စာထုတ်ပေးထား ပါတယ်''ဟု ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဇွန် ၂၂ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။



ရခိုင်ပြည်နယ်ရှိ ကျောက် တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်း ပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များ နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ် တို့တွင် အင်တာနက်ဝန်ဆောင်မှုကို ယာယီပိတ်လိုက်ခြင်းဖြစ်သည်။

အများပြည်သူ တည်ငြိမ်အေး ချမ်းရေး၊လုံခြုံရေးနှင့် တရားဥပ ဒေစိုးမိုးရေးပေါ် ထိခိုက်မှုရှိလာ နိုင်သဖြင့် အင်တာနက်ဝန်ဆောင် မှု ယာယီပိတ်ထားရန်ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကဇွန်၂ဝရက်တွင်ညွှန်ကြားစာ ပေးပို့ခဲ့သဖြင့် ဇွန်၂၁ ရက်ညပိုင်း မှစ၍ထိုမြို့နယ်များ၌ အင်တာနက် သုံးစွဲခွင့်ကို ယာယီပိတ်ထားလိုက် ပြီဖြစ်ကြောင်း Mytel ၏ပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော် မင်းဦးကဒီမိုကရေစီတူ ဒေးသို့ပြော သည်။

ဦးဇော်မင်းဦးက '' လော လောဆယ် အင်တာနက်လိုင်းယာ ယီရပ်ဆိုင်းထားဖို့ ညွှန်ကြားထား တယ်။ ကျန်တဲ့ဖုန်းပြောတာတို့ကို တော့ မက်ဆေ့ခ်ျပို့တာတို့ကတော့ ပေးနေရတုန်းပါပဲ။ တယ်လီကွန်း ဥပဒေပါအရ နိုင်ငံသားတွေအကျိုးစီးပွားအရလိုအပ်ရင် ခဏရပ်ဆိုင်းထားနိုင်တယ်။ ဒါမှမဟုတ် ပိတ်လို့ရတာဖြစ်လို့ အင်တာနက် ဝန်ဆောင်မှုကို ခဏ ရပ်ဆိုင်းထား တာ''ဟု¤င်းကပြောသည်။ အင်တာနက်ဝန်ဆောင်မှု ပြန်လည်ဖွင့်ပေးရမည့်အချိန်ကို မူ မသိရသေး ကြောင်းသိရသည်။

ချင်းပြည်နယ်ပလက်ဝတွင် လွန်ခဲ့သော သုံးရက်ခန့်က စတင် အင်တာနက်အသုံးပြုခွင့် ပိတ်ခဲ့ ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဇွန်၂၁ရက်ညနေပိုင်းကစတင် ပိတ် ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေလုံခြုံ ရေးတာဝန်ယူထားသော ရခိုင်နှင့် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူ များကပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိနယ်မြေကင်းစခန်းမှ တာ ဝန်ကျရဲတပ်သားတစ်ဦးက face book, viber ,youtube, google စတဲ့အင်တာနက်ကို အသုံးပြုလို့ မရတော့ပါဘူး၊ ဖုန်းကတော့ဆက် လို့ရသေးတယ်''ဟုပြောသည်။
အင်တာနက်သုံးစွဲခွင့် ပိတ် ခဲ့သောမြို့နယ်များတွင် ညမထွက် ရအမိန့်၁၄၄ ထုတ်ပြန်ထားသော မြို့နယ်များလည်းပါဝင်သည်။

မြန်မာ့ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၇၇တွင်အများပြည်သူအကျိုး အတွက်ဆောင်ရွက်ရန် အခြေ အနေပေါက်ပေါက်ပါက အစိုးရ အဖွဲ့သဘောတူညီချက်ဖြင့် ဆက် သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း အားယာယီရပ်ဆိုင်းခြင်း၊ ဆက် သွယ်မှုအမျိုးအစားတစ်ရပ်ရပ်ကို မပြုလုပ်ရန်၊ တားဆီးထိန်းသိမ်း ထားရှိခြင်း၊ လိုအပ်သည့်သတင်း အချက်အလက်နှင့် ဆက်သွယ်မှုရ ရှိနိုင်ရန်၊ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုများနှင့် ဆက်သွယ် ရေးပစ္စည်းများကိုယာယီ ထိန်းချုပ် သုံးစွဲရန်အတွက် လုပ်ငန်းလိုင်စင် ရရှိသူကို ဝန်ကြီးဌာနအနေနဲ့ ညွှန် ကြားနိုင်သည်ဟု ဖော်ပြထားသည်။

No comments:

Post a Comment