Monday, June 24, 2019

ရွှေဘိုမြို့တွင် Myanmar Idol Season-4 အတွက် ပဏာမ အသံစစ်ဆေးမှုပြုလုပ်

 စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ တွင် ဇွန် ၂၂ ရက် နံနက် ၁ဝ နာရီက Myanmar Idol Season-4 အတွက် ပဏာမအသံစစ်ဆေး သည့် Mobile Casting ကို ရွှေဘို မြို့ ရွှေဘုံရတနာ မင်္ဂလာနန်းတော် အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ Myanmar Idol Season-4 အတွက် အသံစစ်ဆေးခြင်းကို မိတ္ထီလာနဲ့ မုံရွာမှာ လုပ်ခဲ့ပြီးပါပြီ။ အခု ရွှေဘိုမှာ Mobile Casting အတွက် ပဏာမအသံစစ်ဆေးဖို့ လာတာပါ။ ပြီးရင် မန္တလေးမှာ မိတ္ထီလာ၊ မုံရွာနဲ့ ရွှေဘိုမှာ ပြုလုပ်ခဲ့ တဲ့ အသံစစ်ဆေးခြင်းကို အကဲဖြတ် ရွေးချယ်မှာပါ။
ပြီးရင် ပြည်၊ ပျဉ်းမနား၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်မြို့ များမှာလဲ Mobile Casting ပဏာမအသံစစ်ဆေးခြင်းကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီး အသံစစ်ဆေးခြင်းမှာ ပါဝင်အရွေး ချယ်ခံတဲ့သူတွေအနေနဲ့ လျှောက် လွှာပုံစံတွေကို အသံစစ်ဆေးမည့် နေရာ၌ အခမဲ့ထုတ်ယူနိုင်ပါတယ်။ အသက်အရွယ်ကိုတော့ အသက် ၁၆ နှစ်မှ ၃ဝ နှစ်အတွင်းကန့်သတ် ထားပြီး အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်မည့် သူတွေအနေနဲ့ မိဘ သဘောတူညီမှုရရှိပြီးသူဖြစ်ရန် လိုအပ်ပါတယ်''ဟု Mobile Casting မှ တာဝန်ရှိသူကိုဝေယံလွင်ဦးက ပြောသည်

ဆက်လက်၍ ၄င်းက ''မိတ္ထီ လာ၊ မုံရွာ၊ ရွှေဘိုပြီးရင် မန္တလေးမှာ အသံစစ်ဆေးမှုပြုလုပ်မှာပါ။ အဲဒီ မြို့လေးမြို့မှာ ပြိုင်ထားကြတဲ့ အ ဖြေကိုဇွန် ၂၅ ရက်မှာ အကြောင်း ကြားသွားမှာဖြစ်ပြီး သီချင်းဆိုပြိုင် ထားတဲ့သူတွေထဲကမှ သတ်မှတ် အရည်အချင်းပြည့်မီတဲ့သူကို ရွေး ပြီး နောက်တစ်ဆင့်ကို ခေါ်သွား မှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့ သည်။

Mobile Casting အတွက် မိတ္ထီလာ၊ မုံရွာ၊ ရွှေဘို၊ မန္တလေး မြို့များတွင် ရွေ့လျားယာဉ်ဖြင့် ပဏာမအသံစစ်ဆေးခြင်းကို ပြု လုပ်နေပြီး Mobile Casting အဖွဲ့ သား ၁၉ဦးပါရှိကာ ရွှေဘိုမြို့တွင် ပဏာမအသံစစ်ဆေးမှု ပြုလုပ်ရာ တွင် ယင်းမြို့နယ်အပါအဝင် အ ခြားမြို့နယ်များမှ လာရောက်ယှဉ် ပြိုင်သူဝါသနာရှင် ၂၇ဝ ဦးခန့် ရှိ ကြောင်းလည်းသိရသည်။

No comments:

Post a Comment