Monday, June 24, 2019

မတူပီမြို့၌ မော်တော်ယာဉ်တစ်စီးချောက်ထဲကျ၍ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

မတူပီ-ပလက်ဝကားလမ်း မိုင်တိုင်အမှတ် ၃/ဝ မိုင်၌ မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀၀ ခန့်အနက်ရှိ ချောက်ထဲပြုတ်ကျ၍ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိမှု ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါသတင်းအရ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ငလားရပ်ကွပ်အုပ်ချုပ်ရေးမှူး၊ လောင်ဗန်းအုပ်ချုပ်ရေးမှူးတို့နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မတူပီမြို့ လောင်ဗန်းရပ်ကွပ်နေ ဦးထန်ဘွေး မောင်းနှင်သော ယာဉ်အမှတ်-5G/---- ခြောက်ဘီးယာဉ်သည် မိုင်တိုင်အမှတ် ၃/ဝ မိုင် နေရာ၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါယာဉ်ပေါ်၌ လိုက်ပါလာသူ လေးဦးအနက် မကွေးမြို့နယ် ကံလှကျေးရွာနေ ဦးကိုထွန်း (၂၅ နှစ်) မှတ်ပုံတင်စိစစ်ဆဲသည် နံရိုးကျိုး၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးပြီး ကျန်သုံးဦးသည် မတူပီမြို့နယ်ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးထန်းဘွေအား မတူပီမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment