Monday, June 24, 2019

ကချင်ပြည်နယ် လွှတ်တော်တွင် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆာင်ရန် စည်းရုံးဟောပြောမှု အချုပ်အခြာအာဏာ ထိပါးခြင်းဖြစ်ဟု ထုတ်ပြန်

ကချင်ပြည်နယ် လွှတ်တော်တွင် တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ရန် စည်းရုံးဟောပြောခွင့် ပေးခြင်းအပေါ် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ပြင်းပြင်း ထန်ထန်ကန့်ကွက်လိုက်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်​မာတစ်​နိုင်​ငံလုံးရှိပြည်​​ထောင်​စုသားအများစုကဧရာဝတီမြစ်​ဆုံစီမံကိန်းအပြီးတိုင်​ဖျက်​သိမ်းရန်​​တောင်းဆို​နေချိန်​ မြစ်​ဆုံစာချုပ်​ကိုပြည်​သူတိ့အားချပြရန်​​တောငိးဆို​နေချိန်​ တွင်​မြန်​မာနိုင်​ငံ၏ တာဝန်​ရှိသူတို့က မြစ်​ဆုံစီမံကိန်းဆက်​လုပ်​ရန်​ တိုင်​တပါးသားကုမ္ပဏီဖြစ်​​သော တရုတ်​CPIကုမ္ပဏီ၏ ပညာရှင်​များအား ကချင်​ပြည်​နယ်​လွှတ်​​တော်​အတွင်းမြစ်​ဆုံစီမံကိန်းဆက်​လုပ်​နိုင်​ရန်​ စည်​ရုံး​ဟော​ပြောခွင့်​ ​ပေးခြင်းနှင့်​ပတ်​သက်​၍ မြစ်​ဆုံစီမံကိန်းအပြီးတိုင်​ဖျက်​သိမ်း​ရေးနိုင်​ငံလုံးဆိုင်​ရာကွန်​ရက်​ကန့်ကွက်ကြောင်း ယနေ့ သဘောထားကြေညာချက် တစ်ရပ်ထုတ်ပြန်သည်။

No comments:

Post a Comment