Monday, June 24, 2019

အသေးစား ငွေကြေးလုပ်ငန်း လုပ်နေသည့် INGO, NGO များ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ညွှန်ကြား

အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသည့် INGO နှင့် NGO အဖွဲ့အစည်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လတွင် ညွှန် ကြားချက်ထုတ်ပြန်သည်။ ပြည်တွင်း အသင်းအဖွဲ့ NGO နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ INGO များသည်  အသေးစားငွေချေးလုပ် ငန်း လုပ်ကိုင်လိုပါက ကုမ္ပဏီဥပ ဒေနှင့်အညီ မှတ်ပုံတင်ပြီး လုပ်ငန်း လိုင်စင်ရရှိမှ ဆောင်ရွက်နိုင်မည်ဟု ညွှန်ကြားချက်တွင်ဖော်ပြထား သည်။ ငွေရေးကြေးရေးလုပ်ငန်း များ လုပ်ကိုင်မည်ဆိုပါက အ သင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရန် မလိုကြောင်း ဖော်ပြထားသည်။



INGO ဆိုသည်မှာ နိုင်ငံခြား တိုင်းပြည်တစ်ခုခုတွင် ဖွဲ့စည်း ထားသော အဖွဲ့အစည်းဖြစ်ပြီး မှတ်ပုံတင်ရေးအဖွဲ့၌ မှတ်ပုံတင် ထားသည့် နိုင်ငံတော်အတွင်း လူမှုရေးလုပ်ငန်း တစ်ရပ်ရပ် ဆောင်ရွက်ရန် ရည်ရွယ်သော အဖွဲ့အ စည်းကို ဆိုလိုသည်ဟု ပြည်ထောင် စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်က ဆိုသည်။

အသေးစား ငွေရေးကြေး ရေးလုပ်ငန်း ဆောင်ရွက်နေသည့် INGO နှင့် NGO အဖွဲ့အများစုကလက်ရှိတွင် ကုမ္ပဏီမှတ်ပုံတင် များ ရယူထားသည်ဟု နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်း၌ လုပ် ကိုင်နေသူအချို့ကပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိအ သေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် INGO သုံးဖွဲ့၊ NGO ၁၆ ဖွဲ့၊ ပြည်ပ ကုမ္ပဏီ ၄၇ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၀ နှင့်အစုစပ်ကုမ္ပဏီ ငါးခုအားလိုင်စင် ထုတ်ပေးထားသည်ဟု ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ထုတ်ပြန်သော ညွှန်ကြားချက်၌ ဖော်ပြထားသည်။

No comments:

Post a Comment