Monday, June 24, 2019

ရခိုင်အရေးတွင် သိသာထင်ရှားပြီး ပိုမိုကောင်းမွန်စေမည့် အခန်းကဏ္ဍမှ အာဆီယံဆက်လက်ကူညီမည်

ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ သိသာထင်ရှားပြီး  ပိုမိုကောင်းမွန်စေမည့် အခန်း ကဏ္ဍမှ အာဆီယံက မြန်မာနိုင်ငံ ကို ဆက်လက်ကူညီထောက်ပံ့ မည်ဟု (၃၄)   ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေး အပြီးတွင် ထုတ်ပြန်သောဥက္ကဋ္ဌ၏ ကြေညာချက်၌ ဖော်ပြသည်။ ‘ရေရှည်တည်တံ့စေရန် မိတ်ဖက်ဆောင်ရွက်မှုကို မြှင့် တင်ခြင်း’ခေါင်းစဉ်ဖြင့် (၃၄)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေး၏ဥက္ကဋ္ဌကြေညာချက်ကို  ယမန်နေ့(ဇွန်လ ၂၃ ရက်)တွင်     ထုတ်ပြန်ခဲ့ရာ ထိုသို့ထည့်သွင်း ဖော်ပြခြင်းဖြစ်သည်။



‘‘ရခိုင်ပြည်နယ်မှာ သာတူ ညီမျှဖွံ့ဖြိုးမှုနဲ့ ရေရှည်တည်တံ့ ရေးအပါအ၀င် အသိုင်းအ၀ိုင်း ပေါင်းစုံအကြား ပြန်လည်သင့် မြတ်ရေး၊ ညီညွတ်ရေးတို့ကိုမြှင့် တင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ ကိုဖြစ်ပေါ်စေဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို အာဆီယံက ကူညီပေးဖို့ ကျွန်ုပ်တို့ထပ်လောင်း အတည်ပြုခဲ့ပါတယ်’’ ဟု ဥက္ကဋ္ဌ ကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် အာဆီယံ၏ ထောက်ခံမှုအပေါ် အခြေခံထား သည့် ကနဦးလိုအပ်ချက်ဆန်း စစ်လေ့လာခြင်း(Preliminary Needs Assessment)ကို ဆောင် ရွက်နေသော အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ AHA Centre နှင့် မြန်မာအစိုးရအရာရှိများကို  အာ ဆီယံနိုင်ငံများက ကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

အာဆီယံသည် ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာသူများ လုံခြုံ စွာ၊ စိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ  ပြန်လာနိုင်ရေး ဖြစ်နိုင်သမျှ ချော မောစေရေးနှင့် ထိရောက်မှုရှိစေ ရေး မြန်မာအစိုးရ၏ ကတိက၀တ် ပြုမှုကို အလေးအနက်ထား ကြောင်း ထုတ်ပြန်သည်။

သို့သော် နေရပ်စွန့်ခွာသူများ ပြန်လာရေး မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ်အကြား ထိရောက်သည့် ဆွေးနွေးပြောဆိုခြင်းနှင့်  မြန်မာ အစိုးရ၊ UNDP၊ UNHCR တို့ အကြားချုပ်ဆိုထားသော သ ဘောတူညီချက်အတိုင်း  အပြည့် အ၀အကောင်အထည်ဖော်မှုကို စောင့်ကြည့်မည်ဟု အာဆီယံ ဥက္ကဋ္ဌက ကြေညာသည်။ အာဆီယံထိပ်သီးအစည်း အဝေးသို့တက်ရောက်ခဲ့သော နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

No comments:

Post a Comment