Monday, June 24, 2019

မူဆယ်မြို့ရေဘေးအတွင်း လူနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့၌ မိုးသည်းထန်စွာ  ရွာသွန်းပြီးနောက် ကြုံတွေ့သည့် ရေဘေးတွင် လမ်းဘေးအုတ်နံရံပြိုကျရာ လူနှစ်ဦးသေဆုံးခဲ့သည်။ မူဆယ်မြို့နယ်တွင် ဇွန်လ ၂၃ ရက် နံနက် ၈ နာရီခန့်မှ ၁၁ နာရီခန့်အထိ မိုးသည်းထန်စွာရွာ  သွန်းရာ ရပ်ကွက်အချို့ ရေကြီး နစ်မြုပ်ပြီး  စွမ်စော်ရပ်ကွက်တွင် အုတ်နံရံတစ်ခု ပြိုကျခဲ့ခြင်းဖြစ် သည်။  ‘‘အုတ်နံရံဘေးမှာ ခိုနေတဲ့  လင်မယားနှစ်ယောက်ကို ပိကျ သွားတာ’’ဟု  မူဆယ်မြို့ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦး သောင်းထွန်းက ပြောသည်။



သေဆုံးသူနှစ်ဦးသည် အိမ် ခြေမဲ့ဖြစ်ပြီး ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုဟ်ရန် ပြင်ဆင်ထားသည်ဟု  ဦးသောင်းထွန်းက ပြောသည်။

မူဆယ်တွင် မိုးရွာချိန်နာရီ ပိုင်းသာကြာသော်လည်း ရပ် ကွက်အချို့တွင် လူတစ်ရပ်မြုပ် သည်အထိ ရေကြီးနစ်မြုပ်ခဲ့ သည်။ မူဆယ်မြို့နယ်တွင်ပါဝင် သော နမ့်ခမ်းမြို့တွင်လည်း ရေ ကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့သည်။

‘‘အိမ်တွေ ရေမြုပ်ကုန်ပြီ။ ရှိ သမျှလူအကုန် တတ်နိုင်သ လောက် ကြိုးစားပြီး ရသလောက် အင်တိုက်အားတိုက် ဖောက် ထုတ်ကြ၊  ရေမြောင်းတွေဖော်ကြ နဲ့ မိုးထပ်ရွာလာရင်မနိုင်တော့ဘဲ အိမ်တွေအကုန် ရေမြုပ်ကုန် တော့မယ်။  တာဝန်ရှိ လူကြီးမင်း များ ကူညီကြပါဦး’’ ဟု စွမ်စော် ရပ်ကွက်(၄)လမ်းတွင် နေထိုင်သူ တစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့်အကူအညီတောင်းသည်။

ညနေပိုင်းတွင်  ရေပြန်ကျ သွားသော်လည်း မိုးထပ်မံရွာသွန်း ပါက ရေကြီးနစ်မြုပ်မှုဘေး ကြုံ တွေ့မည်ကို ဒေသခံများက စိုး ရိမ်နေသည်။ မြို့နယ်အတွင်း ရေ စီးရေလာကောင်းမွန်စေရေး ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကြို တင်စီစဉ်ထားပေးရန် ဒေသခံ များက  တောင်းဆိုသည်။ ဇွန်လ ၂၃ ရက်က မူဆယ် မြို့တွင် ပုံမှန်ထက် မိုးကောင်းခဲ့ပြီး  မိုးရေချိန် ၁ ဒသမ ၁၈ လက်မ ရွာ သွန်းခဲ့ကြောင်း  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက  သတင်းထုတ်ပြန်ထားသည်။ ရှမ်း ပြည်နယ် ဒေသအများစုတွင် လာ မည့်ရက်များအတွင်း မိုးဆက် လက်ရွာနိုင်ကြောင်း သတိပေး ထားသည်။

No comments:

Post a Comment