Monday, June 24, 2019

ရန်ကုန်ရှိ သောက်ရေသန့် ထုတ်လုပ်လုပ်ငန်းများ၏ ထက်ဝက် စည်းကမ်းချိုးဖောက်နေဟုဆို

ရန်ကုန်မြို့ရှိ သောက် ရေသန့်ထုတ်လုပ်သည့်လုပ်ငန်း ၄၀၀ ခန့်အနက် ထက်ဝက်သည် စည်းကမ်း ချိုးဖောက်နေဆဲဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံး) တာဝန်ခံညွှန်ကြားရေးမှူး ဒေါက် တာမင်းဝန်က ပြောသည်။ ယခုနောက်ပိုင်း သောက်ရေ သန့်လုပ်ငန်းများသည် လုပ်ငန်း လိုင်စင်သက်တမ်းမရှိ၊ မတိုးဘဲ လုပ်ကိုင်နေသည်ကို ပိုမိုစစ်ဆေး တွေ့ရှိလာကြောင်းနှင့် ကောင်း မွန်သော ထုတ်လုပ်မှုကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု ၎င်းက ပြောသည်။



ညွှန်ကြားရေးမှူးဒေါက်တာ မင်းဝန်က ‘‘စည်းကမ်းဖောက် တယ်ဆိုတဲ့ နေရာမှာ အနည်းနဲ့အ များပဲကွာတာ။ နည်းတယ်ဆိုတာ က ဒီအတိုင်းပဲ သူတို့ရဲ့လုပ်ထုံး၊ လုပ်နည်း နည်းနည်းလေးလိုအပ် ချက်ပဲရှိတဲ့ဟာဆိုရင် တစ်ရက်၊ နှစ်ရက်ပဲ ပြန်ပြင်ပြီး ကောင်း သွားတယ်ဆိုရင် ဖွင့်ခွင့်ပေးတာ ပေါ့’’ ဟု ပြောသည်။

အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) အနေဖြင့် တစ်လလျှင် ရေသန့် လုပ်ငန်းလေးခုကို မြို့နယ်အ လိုက် ရှောင်တခင်စစ်ဆေးခဲ့ပြီး ယင်းစစ်ဆေးမှုများ အနက် ထောက်ခံချက် လျှောက်ထားစဉ် က စက်ရုံဖွဲ့စည်းပုံနှင့် ကိုက်ညီမှု မရှိခြင်း၊ စက်ရုံအတွင်း၊ အပြင် သန့်ရှင်းမှုမရှိခြင်း၊ သိုလှောင်မှု နှင့် ထုတ်လုပ်မှုကောင်းမွန်ခြင်း မရှိသည်ကို တွေ့ရှိကြောင်း ဇွန် လ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းအတွက် စက်ရုံ ယာယီ ပိတ်သိမ်းမှုနှင့် ပြန်လည်ပြင်ဆင် ရန်ညွှန်ကြားပြီး ဆက်လက်ထုတ် လုပ်ဖြန့်ဖြူးရောင်းချပါက ထိ ရောက်စွာ အရေးယူမည်ဟုအစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနက ဆိုသည်။

၂၀၁၈ က အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ သတ်မှတ်ချက်နှင့်ကိုက်ညီခြင်း မရှိသော သောက်ရေသန့်လုပ်ငန်း ၄၀ ခန့်ကို ယာယီရပ်နားရန်နှင့် ပြင်ဆင်ရန် ညွှန်ကြားခဲ့သည်။ လတ်တလော ပိတ်သိမ်း သည့် လုပ်ငန်းများအနေဖြင့်ပြု ပြင်မွမ်းမံခြင်း၊ ထောက်ခံချက်ပြန် လည်လျှောက်ထားခြင်း (သို့မ ဟုတ်) သက်တမ်းတိုးခြင်းပြုလုပ် ပါက အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေး ဦးစီးဌာနက ပြန် လည်စစ်ဆေးကာ လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး လက်ရှိတွင်တစ် နိုင်ငံလုံး၌ သောက်ရေသန့်ထုတ် လုပ်ရန် မှတ်ပုံတင်ထားသည့် လုပ်ငန်း ၆၀၀ ကျော်ရှိသည်။

No comments:

Post a Comment