Monday, June 24, 2019

ချီလီ၊ ကိုလံဘီယာနှင့်အတူ အိမ်ရှင်ဘရာဇီးနှင့်ဗင်နီဇွဲလား ကိုပါအမေရိကဖလားရှုံးထွက်အဆင့်တက်ရောက်

လက်ရှိချန်ပီယံ ချီလီ၊ ကိုလံဘီယာတို့နှင့်အတူ အိမ်ရှင်ဘရာဇီးနှင့် ဗင်နီဇွဲလား တို့ ကိုပါအမေရိကဖလားကွာ တားဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ အုပ်စု (A) နောက်ဆုံးပွဲတွင် ဘရာဇီးက ပီရူးကို ငါးဂိုးပြတ်အ နိုင်ရရှိပြီး သုံးပွဲကစား၊ ခုနစ်မှတ် ဖြင့် ပထမနေရာရရှိကာ ဗင်နီဇွဲ လားက ငါးမှတ်ရရှိသည်။ေ လးမှတ်ရထားသော ပီရူး အနေဖြင့် အကောင်းဆုံး တတိယ နှစ်သင်းတွင်ပါဝင်ပြီး ရှုံးထွက်အ ဆင့်တက်ရောက်ရေး အခြားအုပ် စုပွဲရလဒ်များကို စောင့်ကြည့်ရ မည်ဖြစ်သည်။



အုပ်စုသုံးစု ခွဲထားသော ယင်းပြိုင်ပွဲတွင် အုပ်စုထိပ်ဆုံးနှစ် သင်းစီအပြင် တတိယအကောင်း ဆုံးနှစ်သင်း ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဗင်နီ ဇွဲလားနှင့် ဂိုးမရှိသရေကျခဲ့သော ပွဲတွင် ပရိသတ်များ၏လှောင် ပြောင်မှုခံရသော နည်းပြတိုက်၏ ဘရာဇီးအတွက် ဂိုးပြတ်ရလဒ်ဖြင့် နိုင်ပွဲက တိုးတက်မှုတစ်ခုဖြစ် သည်။

‘‘ဒီပွဲက ကျွန်တော်တို့ရဲ့အ ကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါ။ ကွင်းမျက်နှာပြင်ကောင်းတာက စွမ်းဆောင်ရည်ကောင်းဖို့အ တွက် အထောက်အကူပြုပါ တယ်။ ကျွန်တော်တို့ တစ်ပွဲကို ဖြတ်တင်ဘောအကြိမ်ရေ ၆၀၀ ပျမ်းမျှရှိခဲ့ပေမယ့် ဂိုးသွင်းနှုန်း နည်းခဲ့တယ်။ ဒီနေ့တော့ ကျွန် တော်တို့ရဲ့ အဆုံးသတ်စွမ်းရည် တိုးတက်ခဲ့ပါတယ်’’ ဟု တိုက်က ပြောသည်။

နာကျင်အချိန်ပိုတွင် ရရှိ သော ပင်နယ်တီကို ပီရူးဂိုးသမား ဂယ်လီဆီ ကာကွယ်နိုင်သော ကြောင့် မန်စီးတီးတိုက်စစ်မှူးဂျီး ဆပ်အနေဖြင့် ၎င်းအတွက် ကိုပါ အမေရိကပထမဆုံးဂိုးနှင့် လွဲ ချော်ခဲ့သည်။ အုပ်စု (A) အခြားပွဲ တွင် ဗင်နီဇွဲလားကဘိုလစ်ဗီးယား ကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိသည်။

ဘရာဇီးသည် ကွာတားဖိုင် နယ်တွင် အုပ်စု (B) (သို့မဟုတ်) (C) မှ အကောင်းဆုံးတတိယရ အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဗင်နီဇွဲလားက အုပ်စု (B) ဒုတိယ နေရာရအသင်းနှင့် ဇွန်လ ၂၈ ရက်တွင် ကွာတားဖိုင်နယ်ပွဲ က စားမည်ဖြစ်သည်။

No comments:

Post a Comment