Sunday, July 7, 2019

၅၇ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် ပြုလုပ်

Image may contain: one or more people, crowd, tree, sky and outdoor၅၇ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ဇူလိုင် ၇ ရက် (ယနေ့) နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဗကသ ကျောင်းသားများ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ မှ ကျောင်းသားများ၊ မျိုးဆက်အသီးသီးမှ ကျောင်းသားဟောင်းများ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများ၊ တတ်ရောက်ခဲ့ကာ ဇူလိုင် ၇ ရက်တွင်ကျဆုံးခဲ့သည့် ကျောင်းသားများကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ ၅၇နှစ်မြောက် 7July အောက်မေ့ဖွယ် အခမ်းအနားအတွက် ထုတ်ပြန်ချက် အသီးသီးကိုဖတ်ကြားခြင်း၊ မျိုးဆက်အသီးသီးမှ ကျောင်းသားဟောင်းများက အမှတ်တရ အောက်မေ့ဖွယ်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ကျောင်းသားပြည်သူများ လွှတ်ပေးရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment