Sunday, July 7, 2019

ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲတွင် နာမည်ကြီး နဒါးလ်နှင့် ဖက်ဒရာတို့ နောက်တဆင့်တက်

ဝင်ဘယ်ဒန်အိုးပင်း အမျိုးသားတဦးချင်း တတိယအဆင့်ပွဲစဉ်တွေ ဆက်လက်ကစားခဲ့တာမှာ နာမည်ကြီး နဒါးလ်၊ ဖယ်ဒရာတို့ အသီးသီးအနိုင်ရရှိပြီး နောက်တဆင့်တက်သွားပါတယ်။ နဒါးလ်ကတော့ ပြင်သစ်က ဆွန်ဂါကို ၆-၂၊ ၆-၃၊ ၆-၂ နဲ့ လက်စွမ်းပြပြီး အနိုင်ရသွားခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ နဒါးလ်က သူ့အနေနဲ့အရမ်းပျော်ရွှင်နေပြီး ရိုက်ချက်တွေပြန်ကောင်းလာလို့ ကျေနပ်နေပါတယ်။ ဖက်ဒရာကတော့ ပြင်သစ်က လူးကပ်စ်ပူအာလီကို ၇-၅၊၆-၂၊၇-၆ နဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရရှိခဲ့တာပါ။ ဂျပန်တင်းနစ်ကစားသမား နစ်ရှီကိုရီကတော့ အမေရိကန်က စတိဗ်ဂျွန်ဆင်ကို အသာအယာအနိုင်ယူပြီး နောက်တဆင့် တက်ရောက်လာပါတယ်။

No comments:

Post a Comment