Sunday, July 7, 2019

ထောင်ထဲမှာ အချုပ်ကျနေစဉ် သေဆုံးသွားတဲ့ အောင်သပြေကအမှုကို လူသတ်မှုဖြင့် အမှုဖွင့်

အောင်သပြေကျေးရွာသား ကိုထွန်း အကျဉ်းထောင်ထဲမှာသေဆုံးသွားခဲ့မှုအတွက် ရဲကတရားလိုလုပ်ပြီး လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အမှတ်၂နယ်မြေရဲတပ်ဖွဲ့စခန်းက စခန်းမှူး ရဲအုပ် မျိုးညွှန့်ကပြောပါတယ်။ ကိုထွန်းကို မီးရှို့မှုပုဒ်မအပါအဝင် ပုဒ်မ၄ခုနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခံရချိန် ဇွန်လ၄ရက်က အကျဉ်းထောင်ဆေးရုံမှာသေဆုံးသွားခဲ့တာပါ။



ရင်ခွဲစစ်ဆေးခဲ့ရာမှတော့ာ ကိုထွန်းဟာ လည်ပင်းမှာရရှိတဲ့ဒဏ်ရာကြောင့် ဦးနှောက်အမြှေးပါးအောက်သွေးလွန်ပြီး ဦးနှောက်ပိညှက်သေဆုံးရခြင်းဖြစ်တယ်လို့ ဆေးမှတ်ချက်ပြန်ကြားလာတဲ့အတွက် သေစေအောင်ပြုလုပ်တဲ့သူကိုစုံစမ်းဖော်ထုတ်ဖို့အတွက် အမှတ်၂နယ်မြေရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး စုံစမ်းနေပြီး ကျူးလွန်သူကိုဖမ်းဆီးရမိဖို့ဆောင်ရွက်နေတယ်လို့ စခန်းမှူးပြောပါတယ်။

အကျဉ်းထောင်ထဲမှာ အချုပ်သားသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး စုံခုံစစ်ဆေးနေဆဲလို့ အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကပြောပါတယ်။

လူသတ်မှုပုဒ်မ၃၀၂နဲ့ အမှုဖွင့်ထားတဲ့အပေါ်လည်း လတ်တလောအနေနဲ့ တစ်စုံတစ်ရာမျှပြောစရာမရှိဘူးလို ဦးမင်းထွန်းစိုးကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုနဲ့ပတ်သက်ပြီး ဒေသခံအချို့က ကန့်ကွက်ခဲ့မှုမှာ သေဆုံးသူ ကိုထွန်းအပါအ၀င် ဒေသခံ ဆယ်ဦးထက်မနည်းဟာ
မီးရှို့မှု၊ နာကျင်မှုစတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ခံရပြီး လက်ရှိတရားရင်ဆိုင်နေရတာပါ။

No comments:

Post a Comment