Sunday, July 7, 2019

မြန်မာအိမ်ရာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ

“Outlook on Mynmar Housing Development And Policy” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ မြို့ပြနဲ့ အိမ်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ မြို့ပြအိမ်ရာနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေက အိမ်ရာဆောက်လုပ်ရေးနဲ့ အိမ်ရာပိုင်ဆိုင်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။



ဒါ့အပြင် တန်ဖိုးနည်းအိမ်ရာတွေကို ပြည်သူတွေ ဝယ်ယူနိုင်ဖို့ဆိုရင် အစိုးရအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုမယ့် ပြည်ပက ကုန်ပစ္စည်းတွေကို အခွန်မကောက်ခံဖို့၊ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်တဲ့အချိန်မှာ အခြေခံပြည်သူတွေနေထိုင်တဲ့ နေရာတွေနဲ့ အနီးဆုံးနေရာတွေမှာ ဆောက်လုပ်ပေးဖို့နဲ့ တိုက်ခန်းမဝယ်ယူနိုင်တဲ့ ပြည်သူတွေကို အငှားအိမ်ရာတွေ ဆောက်လုပ်ပေးဖို့အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးခဲ့တာပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေကို တနှစ်ကို အခန်းပေါင်း ၄ ထောင်ကနေ ၅ ထောင်အထိ ဆောက်လုပ်ပေးနေတယ်လို့ ပြောပါတယ်။

No comments:

Post a Comment