Sunday, July 7, 2019

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ တိုးတက်မှုအသစ်များသေချာပေါက်ရမည်ဟု တရုတ်သံအမတ်ပြော

  မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တိုးတက်မှုအသစ်များ သေချာပေါက်ရရှိမည်ဟု တရုတ်သံအမတ် မစ္စတာချန်ဟိုင်က ပြောသည်။ ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင် သည့် မစ္စတာချန်ဟိုင်က ဇူလိုင် ၃ ရက်တွင် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်၊ တပ်မ တော်၊ နိုင်ငံရေးပါတီမှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ် ထည့် သွင်းပြောကြားသည်ဟု တရုတ်သံရုံးက ယမန်နေ့တွင် ထုတ်ပြန် သည်။



မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြောက်ပိုင်း ခုနစ်ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား နိုင်ငံရေးဆွေးနွေးမှု၌ တရုတ်နိုင်ငံ ၏ အခန်းကဏ္ဍသည် ကြီးမား ကြောင်းနှင့် ယင်းအခြေအနေတွင် တရုတ်က တက်ကြွစွာ ဆက်လက်ပါဝင်မည်ဟု အဓိပ္ပာယ်သက် ရောက်ကြောင်း လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

‘‘သူတို့ (တရုတ်) အနေနဲ့က တော့ မဟာဗျူဟာအရ မြန်မာပြည်ဟာ သူတို့အတွက် အရေးပါ တယ်။ ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့နေရာတစ်ခုဖြစ်မှ သူတို့ရဲ့ ခရီးလမ်းကြောင်းတွေ တည်ဆောက် နိုင်တဲ့ အခြေအနေမျိုးမှာ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့သူတို့တတ်နိုင်သမျှ တစ်ဖက်က လည်း တွန်းအားပေး ရင်း၊ တစ်ဖက်ကလည်း စေ့စပ်ညှိနှိုင်းပေးရင်း ပါဝင်သွားမယ်လို့ ဆိုလိုတာဖြစ်တယ်လို့ ယူဆရပါတယ်’’ ဟု ၎င်း ကဆိုသည်။

လတ်တလော နှစ်များတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးအသွင် ကူးပြောင်းမှုကို တည်ငြိမ်စွာ ဖော်ဆောင်နေပြီး စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ရလဒ်များသာမက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်လာနိုင်ကြောင်း တရုတ်သံအမတ်က ပြောသည်။ မြန်မာ့အသွင်ကူးပြောင်းရေးသည် များသောအားဖြင့် တည်ငြိမ်သည်ဟု ပြောနိုင်သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီအရေး ဖြစ်ပွားပြီးနောက် အနောက်နိုင်ငံများနှင့် နိုင်ငံတကာဖိအား ကြီးမားခဲ့ကြောင်း ဦးမောင်မောင်စိုးက သုံးသပ် သည်။

‘‘ဗမာပြည် အနေအထားက ပြည်တွင်းမှာ တစ်စုံတစ်ရာ တည်ငြိမ်တယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံတကာ ဖိအားကြီးတဲ့ နောက်မှာတော့ ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်လို့ ထင်ပါတယ်’’ဟု ၎င်းကဆိုသည်။

တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပြုသဘော အခန်းကဏ္ဍ က ဆက်လက်ပါဝင်နေပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွင် တရားမျှတသည့်ဘက်မှ ဆက်လက်ရပ်တည်မည်ဟု ချန်ဟိုင်က ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ၏ ၁၉ ဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ သံအ

မတ် မစ္စတာချန်ဟိုင်က ‘Belt andRoad’  နှင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံ မူဘောင်အောက်တွင် လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ အခြေခံအဆောက်အ အုံ တည်ဆောက်ရေးစသည့် ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ထည့်သွင်းပြောကြား သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင် ထောက်ပံ့ကူညီရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းအရေး ကိစ္စများ၌ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်-မြန်မာဆက်ဆံရေး အဆင့်ကဏ္ဍသို့ တိုးတက်ဝင်ရောက်ရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တရုတ်သံအမတ်က ပြောသည်။

No comments:

Post a Comment