Sunday, July 7, 2019

၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံကျော်ရှိကာ နှစ်နှစ်ခွဲအတွင်း ကျပ် ၁၈၈၁ ဘီလျံကျော် မြင့်တက်

၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံကျော်ရှိကာ နှစ်နှစ်ခွဲအတွင်း ကျပ် ၁၈၈၁ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume III) အရ သိရသည်။



၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးမှာ ၂၀၁၆ ခုနှစ်မတ်တွင် ကျပ် ၁၁၇၇၁ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျပ် ၁၁၁၂၇ ဘီလျံ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၁၃၄၉ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၁၆၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂ ၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ တွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံရှိပြီး နှစ်နှစ်ခွဲ အတွင်း မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုး ကျပ် ၁၈၈၁ ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေ ရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၇၁၉ ဘီလျံ၊ ရွှေ ကျပ် ၃၅၀ ဘီလျံ၊ Placement with Foreign Ban ks ကျပ် ၃၇၆၁ ဘီလျံ၊ Deposit with Local Banks ကျပ် ၆၂၄ ဘီလျံ၊ IMF Related Assets ကျပ် ၂၉၈၂ သန်း၊ Other Assets (Foreign) ကျပ် ၅၂၃၉ သန်း၊ Domestic Securities ကျပ် ၁၂၂၃၄ ဘီလျံ၊ Loans to Banks ကျပ် ၁၃၁ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၉ ဘီလျံ၊ စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ် ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၈ ခုနှစ် စက်တင်ဘာ၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၆၉၁ ဘီလျံ၊ ရွှေ ကျပ် ၄၃၂ ဘီလျံ၊ Placement with Foreign Banks ကျပ် ၅၈၂၅ ဘီလျံ၊ Foreign Securities ကျပ် ၅၇၀ ဘီလျံ၊ Deposit with Local Banks ကျပ် ၈၀၀ ဘီလျံ၊ IMF Related Assets ကျပ် ၁၅၃၇ သန်း၊ Other Assets (Foreign) ကျပ် ၂၀၁၃၂ သန်း၊ Domestic Securities ကျပ် ၁၄၃၃၃ ဘီလျံ၊ Loans to Banks ကျပ် ၅၄၃ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဒသမ ၉ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၆၉ ဘီလျံ၊ စုစုပေါင်း ၂၃၈၆၁ ဒသမ ၂၄၅ ဘီလျံဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လထက် ကျပ် ၄၈၇၆ ဒသမ ၆၂၁ ဘီလျံ မြင့်တက်ခဲ့သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၈ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Liabilities (ပေးရန်တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၈၄၅ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၂၉၃ သန်း၊ IMF Related Liabilities (Foreign) ကျပ် ၄၂၁ ဘီလျံ၊ Other Liabiliti es (Foreign) ကျပ် ၁၇၄ သန်း၊ Government Deposits ကျပ် ၄ ဘီလျံ၊ Bank Deposits (Domestic) ကျပ် ၃၀၆၆ ဘီလျံ၊ Other Deposi ts ကျပ် ၃၇၀ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၂၆၀ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၁၇၇၁ ဘီလျံ၊ Equity and Reserves ကျပ် ၂၂၄၄ ဘီလျံရှိပြီး စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။

နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ် ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၈ ခုနှစ် စက်တင်ဘာ၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Liabiliites (ပေးရန်တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၁၂၃၆ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၃၇၆ သန်း၊ Borrowing From Foreign Institutions ကျပ် ၁၀၃ ဘီလျံ၊ IMF Related Liabilities ကျပ် ၅၄၃ Other Liabilities (Foreign) ကျပ် ၉၁ သန်း၊ Government Deposits ကျပ် ၆၇၄ ဘီလျံ၊ Bank Deposits (Domestic) ကျပ် ၂၄၄၉ ဘီလျံ၊ Other Deposits ကျပ် ၃၉၇ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၅၅၃ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၃၆၅၂ ဘီလျံ၊ Equity and Reserves ကျပ် ၄၃၅၄ ဘီလျံ၊ စုစုပေါင်း ၂၃၈၆၁ ဒသမ ၂၄၅ ဘီလျံဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လထက် ကျပ် ၄၈၇၆ ဒသမ ၆၂၁ ဘီလျံ မြင့်တက်ခဲ့သည်။

No comments:

Post a Comment