Sunday, July 7, 2019

ဖလော်ရီဒါပြည်နယ် ဈေးဝယ်စင်တာတခုတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၂၀ ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဈေးဝယ်စင်တာတခုမှာ မနေ့က ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၂၀ ဒဏ်ရာရခဲ့ပါတယ်။  ဓာတ်ငွေ့ပေါက်ကွဲတာဖြစ်ပြီး မီးကြွင်းမီးကျန်တွေ ရှိနိုင်တာကြောင့် အဲဒီနားက လမ်း ၂ ခုကို အဝင်အထွက်မလုပ်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ပေါက်ကွဲတဲ့ ပြင်းအားကြောင့် အနားက L.A အားကစားလေ့ကျင့်ရုံမှာ ပြတင်းပေါက် အတော်များများ ပွင့်ထွက်ကုန်တဲ့အပြင် ယာဉ်ရပ်နား စခန်းမှာလည်း အပျက်အစီးတွေ ပြန့်ကျဲနေ ပါတယ်။ လူတွေလည်း ထွက်ပေါက်တွေဆီ ပြေးထွက်ခဲ့ကြပါတယ်။ အခင်းဖြစ်ရာ နေရာမှာတင် လူနာအတော်များများကို ကုသပေးခဲ့ရတယ်လို့ မီးသတ်ဌာနက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ လူမရှိတဲ့ စားသောက်ဆိုင်တဆိုင်ကနေ ပေါက်ကွဲတာ ဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေ တွေကို ကိုးကားပြီး ဒေသခံ သတင်းစာက အစီရင်ခံပါတယ်။

No comments:

Post a Comment